(13)

1.6K 104 3
                                    

Unicode

ဒေါက် ဒေါက် ဒေါက် ~~~

"ကိုကိုရေ သစ်ခက်ဝင်လာမယ်နော်~~"

"ဝင်လာခဲ့လေ ညီမလေး~~~"

မနက်က အကြောင်းပြန်တွေးနေရင်း ရောက်လာတဲ့
ညီမလေးကြောင့် မျက်နှာပိုးကို အမြန်သတ်လိုက်ရသည်~~

"ကိုကို အလုပ်က ပြန်လာထဲက မျက်နှာကြီးက
ပြုံးဖြီးနေတာပဲနော် ဘာပျော်စရာ ရှိလို့လဲဟင်~~~"

ကိုယ့်မျက်နှာ ဘယ်လောက်ပြုံးဖြီးနေသည်မသိ
ညီမလေးကတောင် မေးနေလေပြီ~~~
ကိုယ် အဲ့လောက်တောင် သိသာသွားသည်လား~~

"ဟမ်!!!မ မရှိပါဘူး ညီမလေးရဲ့ ကိုကို့မျက်နှာက
ပုံမှန်ပါပဲ~~~"

ကျွန်တော့်အဖြေကို ဘဝင်မကျစွာ ညီမလေးက
မျက်စောင်းလေးထိုးကာ ကြည့်လာလေသည်~~

အဲ့လိုကျတော့လည်း ကိုယ်က ဘာမှမသိသလို
အပြုံးလေး ပြုံးပြရတော့တာပေါ့ ~~

လွယ်တော့ မလွယ်ဘူး~~~

"ဟုတ်လို့လား သစ်ခက်ကိုမလိမ်နဲ့နော် ကိုကို့မျက်နှာက
အရင်နဲ့လုံးဝမတူဘူး!!!"

"မ မလိမ်ပါဘူး ညီမလေးရဲ့ တကယ်ပါ~~~"

"ကိုကိုကသာ မလိမ်ဘူးပြောနေတာ ကိုကိုရဲ့ အခုမျက်နှာ
ကြီးကလေ ရည်းစားရသွားလို့ အိမ်ကသိမှာ ကြောက်နေတဲ့
အပျိုလေး ကျနေတာပဲ!!!!!"

"အဟွတ်!!!!အဟွတ်!!!!"

သောက်လက်စနွားနို့ပင် သီးသွားသည်အထိ ညီမလေးရဲ့
စကားတွေက လူကို စွမ်းဆောင်နိုင်ပါသည်~~~

"ကြည့်!!!ဖြေးဖြေးမသောက်ဘူး ဘာလဲ
သစ်ခက်ပြောတာ မှန်သွားလို့လား!!!!"

"အာ!!!မဟုတ်ပါဘူး ညီမလေးရယ် ပေါက်ကရတွေ
ကိုကိုက ဘယ်ကရည်းစားရ ရမှာလဲ ဘာရည်းစားမှ
မရှိဘူး~~~"

"သေချာလား!!!!"

"Omm သေချာတယ်~~~"

"အဲ့တာဆိုလဲ ပြီးရော ဒါပေမဲ့ ကိုကိုရည်းစားရရင်
သစ်ခက်ကို အရင်ပြောပြရမှာနော်~~~"

"ဟုတ်ကဲ့ပါဗျ~~အဲ့တာဆို ကိုကို အိပ်တော့မယ်နော်
ညီမလေးလဲ သွားအိပ်တော့~~~"

Reflection.. (Completed)Where stories live. Discover now