(9)

1.7K 118 7
                                    

Unicode

"ဘာလို့ မလာသေးတာလဲ ရှစ်နာရီ ခွဲတော့မှာကို~~~"

နာရီကို ကြည့်လိုက် ပိုင်ရှင်မရှိတဲ့ ခုံလေးကို
လှမ်းကြည့်လိုက်လုပ်နေတဲ့ ကျွန်တော့်ကို
စွမ်းခန့် ကြည့်ပြီး မသိမသာ နှာခေါင်းရှုံနေတာကိုလဲ
ရိပ်မိပါသည်~~

ဒါပေမဲ့ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့လည်း
အာဏာပြဖို့က စိတ်မပါသေးဘူး~~~

"စွမ်းခန့်!!!"

"ဗျာ boss~~~"

"ဟို လူကြီးပေါက်စ အလုပ်ပြန်လာလုပ်မယ်ဆိုတာ
သေချာရဲ့လား!!!"

"သေချာပါတယ် boss မနေ့က သူသေချာကို
ပြောလိုက်တာပါ~~"

"ဟူး!!!!!!"

"ဟိုလေ boss သူ့ကို ဘာလို့ ဒီလောက်
မျှော်နေတာလဲ သိလို့ရမလား~~~"

မျက်လုံးကို ပေကလပ် ပေကလပ် လုပ်ကာ မေးလာတဲ့
စွမ်းခန့်ကို ခပ်စူးစူးသာစိုက်ကြည့်ပေးလိုက်သည်~~
ဘာမှတော့ ပြန်မဖြေဖြစ်ဘူး ဘာလို့ဆို ကျွန်တော်
ကိုယ်တိုင်တောင် ဒီမေးခွန်းရဲ့ အဖြေကို သိချင်နေတာမလား~~~

"မင်း အပြင်မှာ သွားစောင့်နေတော့ သူလာရင်
ငါ့ဆီကို လွှတ်လိုက် မင်းကတော့ ငါခေါ်မှ ဝင်လာခဲ့!!!"

"ဗျာ !!!!ဟုတ် ဟုတ် boss~~~"

စွမ်းခန့်ထွက်သွားတော့မှ ဟူးခနဲ လေပူတစ်ချက်မှုတ်ထုတ်ရင်း ဆေးလိပ်ဘူးနဲ့ မီးခြစ်ယူကာ
ဝရံတာ ဘက်ထွက်ခဲ့လိုက်တော့သည်~~~

🚬🚬🚬🚬🚬🚬

"ဟဲ့ !!!!တိမ်ယံ လာစမ်း ဒီကို !!!!!"

အလုပ်ရောက်ရောက်ချင်း  ပုရစ်မရဲ့ အသံစူးစူးနဲ့အတူ
သူ့လက်တွေဆွဲခေါ်ရာနောက်ကို လူကတရွတ်တိုက်
ပါသွားရသည်~~~~

အကောင်သေးသလောက် ကြမ်းတမ်းလိုက်တာ
$ဂျပုမ!!!!

"ပြောစမ်း မနေ့က ဘာလို့ အလုပ်မလာတာလဲ!!!!
ငါဘယ်လောက် ပျင်းနေလဲ သိလား !!!"

"မဟုတ်ပါဘူးဟာ မနေ့က အိမ်မှာ လုပ်စရာ
လေးတွေရှိလို့ မလာတာပါ ~~~~"

"ဟွန့်!!!! ပြောလိုက်ရင် ဆင်ခြေတွေကြီးပဲ
သွားတော့ နင်နဲ့ငါ ဒီအကြောင်းကို ထမင်းစားချိန်ကျမှ
ဆက်ပြောမယ်!!!!"

Reflection.. (Completed)Where stories live. Discover now