(14)

1.5K 101 4
                                    

Unicode

"ဘာတွေ စားနေကြတာလဲ~~~"

ထမင်းစားနေတာမြင်ရဲ့သားနဲ့ ဘာစားနေတာလဲလို့
မေးလာတဲ့ လောရှည်ကောင်ကို မသိမသာ မျက်စောင်းသာ
လှမ်းထိုးလိုက်သည်~~~

"ထမင်းစားနေတာလေ~~"

ထိုစကားမှလွဲ၍ မည်သည့်စကားမှ ထပ်မပြောမိ
ဘာလို့ဆို ဂျာကြီးအပါအဝင် ဝန်ထမ်းတစ်ချို့တစ်ဝက်က
ကိုယ့်နည်းတူ ထမင်းစားနေကြတာမို့~~~~

အခု သူ့အသံကြားတာတောင် ဝန်ထမ်းတွေခမျာ
မရဲတရဲနဲ့ ထမင်းဆက်စားနေကြသည်မှာ ဘာသံမှတောင်
မကြားရ~~~

"ကျွန်တော်လဲ စားမယ်နော်~~~~"

အပြောထက် အလုပ်ကလျင်မြန်စွာ ကျွန်တော့်လက်ထဲက
စားခါနီး ထမင်းလုတ်ကို ရုတ်တရက် ယူစားလိုက်မို့
အကုန်လုံးရဲ့ အကြည့်တွေက ကျွန်တော်နဲ့ သူ့ဆီမှာ~~~

ကျွန်တော့်အရှေ့က ဂျာကြီးနဲ့ သီရိကလဲ ဇွန်းကြီးကိုင်ကာ
ကြောင်နေဆဲ~~သူတို့မပြောနဲ့ ကျွန်တော်လဲ လန့်သွားရတာပဲလေ~~

သူကတော့ ဘာမှဂရုမစိုက်သည့်အလား ထမင်းတွေကို
တစ်လုတ်ပြီးတစ်လုတ် အစားမပျက်~~~

ခနနေမှ ဘေးနားက လူတွေကို သတိထားမိသလို သူပြော
လိုက်တဲ့စကားက~~~

"ဘာကြည့်နေတာလဲ!!!!ကိုယ့်ထမင်း ကိုယ်စားကြလေ
ငါထမင်းစားတာ အဲ့လောက် စိတ်ဝင်စားဖို့ကောင်းနေလို့လား!!!!"

သူပြောလိုက်တဲ့ စကားကြောင့် အကုန်လုံး ထမင်းကိုယ်စီ
ငုံ့စားလိုက်ကြတာများ ခေါင်းပင်ဖော်မလာတော့~~~

ကျစ်!!!!ဒီ လူဆိုးကောင် အနိုင်လာကျင့်နေတာ!!!!

"ကိုကို စားလေ~~~ကျွန်တော့်ကို ဘာလို့ကြည့်နေတာလဲ
ကျွန်တော် ခွံ့ကျွေးရမလား~~~"

ပြောလဲပြော ထမင်းတွေ အတင်းလာခွံ့နေတာကြောင့်
ကျွန်တော့်မျက်နှာကို လက်တွေနဲ့သာအုပ်ထားမိသည်~~

မနေနိုင်တဲ့ အဆုံးသူ့လက်ကို ဆွဲကာ ရုံးခန်းထဲသာ
ခေါ်လာလိုက်တော့သည်!!!!

ကိုယ်တော်ချောကတော့ အနောက်ကနေ လေလေး
တချွန်ချွန်နဲ့ အပြုံးပင်မပျက် ~~~~

Reflection.. (Completed)Where stories live. Discover now