(26)

1.2K 72 1
                                    

တီ...တီ...တီ...

ခေါင်းရင်းက နာရီနှိုးစက်သံကြောင့် အိပ်ချင်နေဆဲမျက်လုံးတွေကို အားယူဖွင့်လိုက်ရင်း...
ထထိုင်လိုက်သည်....

မနက်ငါးနာရီသာ ရှိသေးသည်မို့ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုက အတိုင်းအတာတစ်ခုထိ ကြီးစိုးနေဆဲ.....

ပုံမှန်ဆို ဒီအချိန်ထနေကြဖြစ်ပေမယ့် မနေ့ညက အိမ်ပြန်နောက်ကျသေးသည့်အပြင် မြူနဲ့ဖုန်းပြောတာလဲ ညဉ့်နက်သွားတာကြောင့် နောက်ကျမှ အိပ်ရာဝင်ဖြစ်သည်လေ...

မေမေတို့ အတွက် ချက်စရာရှိတာတွေကို ချက်ပေးပြီး
ဆိုင်ဖွင့်ရန် နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီခွဲအတိ.....

အိပ်ချင်နေဆဲဖြစ်သည့် မျက်လုံးတို့ကို လက်နဲ့ဖိပွတ်ရင်း
ဆိုင်ဖွင့်ရန် ခြံထဲဆင်းလာလိုက်သည်...ခနနေရင် နေတောင်ထွက်တော့မှာပဲ...

သိပ်ပြီး ကြီးကြီးမားမား မဟုတ်သည့် ကုန်စုံဆိုင်လေးကို နာရီဝက်နဲ့ အပြီးဖွင့်လိုက်ပြီး ခုံတန်းမှာ ထိုင်ကာ ခနအမောဖြေနေမိသည်....

"ကိုကို....."

ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် အလန့်တကြား ကြည့်မိတော့ ကားကိုမှီကာ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတဲ့ မြူရယ်ပါ....

"မြူ...ဒီကို ဘယ်တုန်းကရောက်နေတာလဲ..."

"အင်း...ဘယ်တုန်းကရောက်နေတာလဲဆိုတော့ ဘယ်က
ကလေးလေးလဲ မသိပါဘူးကိုကိုရာ ညအိပ်ဝတ်စုံအပြာလေးနဲ့ အိပ်ချင်မူးတူးလေးနဲ့ ခြံတံခါးလာဖွင့်တဲ့ အချိန်ထဲကရောက်နေတာ..."

မြူ့အပြောကြောင့် လူက အငွေ့ပျံပြီး ပျောက်သွားချင်စိတ်သာ ပေါက်လာတော့သည်...

ရှက်လိုက်တာ....

"ကိုကို....အဲ့ကလေးလေးကို သိလား...ကျွန်တော်လေ အသည်းယားလွန်းလို့ ဆွဲပြီး ဖက်နမ်းပြစ်ချင်စိတ်ကို ထိန်းထားရတာ...."

လက်ကြီးပိုက်ကာ ကျွန်တော့်မျက်နှာကို ငုံ့ကြည့်ပြီး စနေတဲ့ မြူ့ကို ရန်ပြန်တွေ့ချင်ပေမယ့် ရှက်လွန်းတာကြောင့် ခေါင်းပင်မဖော်နိုင်....

Reflection.. (Completed)Where stories live. Discover now