(12)

1.7K 110 2
                                    

Unicode

"ပျိုး!!!!ခင်ဗျားက ပျိုးလား !!!!"

"ဟင်!!!!!"

"မင်းကဘယ်လိုလုပ် ငါ့နာမည်ကို~~~~"

စကားဆက်ပြောခွင့်မပေးတော့ပဲ  ကိုယ့်အရှေ့က
လူသားငယ်ကို ရင်ခွင်ထဲမှာ
ဖက်တွယ်ထားလိုက်သည်~~~~

တကယ်ပါ ဒီလူသားလေးကို သေမတတ်လွမ်းနေခဲ့တာ~~~
ကိုယ်နဲ့ အနီးဆုံးမှာရှိနေတဲ့ သူ့ကို ပြန်ပြီး မမှတ်မိလောက်အောင်အထိ တုံးလွန်းတဲ့ ကိုယ့်ဦးနှောက်ကိုလဲ
ဖောက်ထုတ် ပစ်လိုက်ချင်တာ~~~~~

ကိုယ့်ကို ဖက်ကာ ပုခုံးပေါ်မျက်နှာ အပ်ထားတဲ့
ကောင်လေးကို ပြန်ပြီးဖက်တွယ်ထားမိသည်~~~~

ကောင်လေးတောင် ဒီအရွယ်ရောက်နေပြီပဲ~~~
အမြဲတမ်း ကိုယ့်ကို စိတ်မတို တိုအောင် စနောက်နေတဲ့
လူဆိုးကောင်က ကိုယ်အမြဲရှာနေတဲ့ ကောင်လေးငယ်တဲ့_~~

ကံတရားကြီးက ဆန်းကြယ်လိုက်တာ~~~~

"ပျိုး~~~ကျွန်တော် အရမ်းသတိရနေခဲ့တာ~~"

သူ့ဆီက ထွက်လာတဲ့ သြရှရှ အသံလေးကြောင့်
အလိုလိုပြုံးရင်း အဖြေပြန်ပေးမိသည်~~~

"ငါရောပဲ မြူ~~~မဟုတ်ဘူး လူဆိုးကောင်လေး~~"

သူ့ကို လူဆိုးကောင်လို့ ပြောလိုက်တော့ ချက်ချင်း
ဖက်ထားတဲ့ လက်ကိုပြန်ရုတ်ကာ ဆူပုပ်ပုပ်မျက်နှာပေးလေးနဲ့ မျက်စောင်းထိုးလာသူ~~~

ကြည့်ပါဦး မျက်ရည်တွေနဲ့ ဒီကောင်လေး ငိုထားတာပဲ~~
ကိုယ့်ကိုအရင်က အမြဲ စိတ်တိုအောင်စနေတဲ့
လောရှည်ကောင်မှ ဟုတ်ရဲ့လား~~~

"ကြည့်ပါဦး မင်းငိုထားတာ ပုံစံကြီးနဲ့မှ မလိုက်~~~
ကလေးကလားနဲ့~~~"

"အဲ့တာ ပျိုးကိုတွေ့လို့ အရမ်းဝမ်းသာ သွားလို့လေ
ပျိုးက ဝမ်းမသာဘူးလား!!!!"

ကြည့် !!!!ပြောတဲ့ လေသံကိုက!!!

"မဟုတ်ပါဘူး ငါလဲဝမ်းသာပါတယ် ဒါပေမဲ့
မင်းငိုထားတာက ကြောင်ချီးကုတ်ရုပ်လေး
ပေါက်နေသလားလို့~~~~"

"ပျိုး!!!!"

"အေးပါ အေးပါ မပြောတော့ဘူး~~~~
မင်းကလဲ စိတ်ကြီးပဲ ငါကစတာကို~~~"

Reflection.. (Completed)Where stories live. Discover now