(2)

2.3K 163 2
                                    

"ဟျောင့် မင်းငါပြောနေတာကြားလား ဟမ်!!!
မင်းအမေ အချိုးတိုင်း ချိုးနေတာလား ဟမ်
မြူငွေ့ခိုး!!!! "

ကျူရှင်သွားဖို့ စက်ဘီးထုတ်နေတုန်း ဦးထွန်းတို့ရဲ့
တစ်ထပ်တိုက်လေးထဲက အော်သံတွေကြောင့်
စက်ဘီးမြန်မြန်ထုတ်ကာ အိမ်ပုလေးရှိရာသို့
အမြန်သွားလိုက်သည်....

အိမ်ထဲမှာတော့ ဒေါင့်တစ်နေရာလေးမှာ ငြိမ်သက်စွာ
ထိုင်နေတဲ့ ကလေးလေးရယ် ခါးထောက်ကာ ရပ်နေတဲ့
ဦးထွန်းရယ်... ဘာတွေများဖြစ်လို့ပါလိမ့်...

"ဦးလေးထွန်း ဘာဖြစ်လို့လဲ... "

ကျွန်တော့်ကိုတွေ့တော့ ခါးထောက်ရပ်နေတဲ့ ဦးထွန်းက
ကြမ်းပြင်ပေါ်ထိုင်ချပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာ
ကြိတ်ငိုတော့သည်...

ဟိုကောင်လေးကတော့ သူ့ပင်ကိုစရိုက်လေးအတိုင်း
မျက်ဆံ ညိုဖျော့ဖျော့လေးတွေက အေးစက်စွာ
တစ်နေရာကို စိုက်ကြည့်နေဆဲ....

"သားရယ် ဒီကောင်လေးကို ဦးဘယ်လိုထိန်းရမလဲ
ဦးပြောသမျှကို ဂရုမစိုက်သလို လုပ်နေတာကို
ဦးဘယ်လို လုပ်ရမလဲ.. မိဘတစ်ယောက်အနေနဲ့
ကိုယ့်သားသမီးကို မဆုံးမနိုင်တာ ဦးရှက်တယ်သားရယ်... "

မျက်ရည်တွေ ကျပြီးတိုင်တန်းသလို ပြောပြနေတဲ့
ဦးလေးထွန်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါသည်..

အင်း.. ဒီကောင်လေး ပင်ကိုစရိုက်ကိုက ဒီလိုဖြစ်နေတော့လဲ ကျွန်တော်လဲဘာပြောနိုင်ပါ့မလဲ.. ...

"ဦးလေးထွန်း.. သား မြူငွေ့လေးကို ခနခေါ်သွားမယ်နော်
ဦးလေးလဲ စိတ်လျှော့ပါ ကလေးကငယ်သေးတော့
နားမလည်သေးတာနေမှာပါ အရမ်းစိတ်မညစ်ပါနဲ့... "

"အေးပါ သားရယ်... "

ဒေါင့်လေးမှာ ထိုင်နေတဲ့ ကလေးလေးရှေ့မှာ ဒူးထောက်ကာ
ထိုင်ချလိုက်တော့ မျက်လုံးလေးတစ်ချက်လှန်ကြည့်ကာ
ဘာမှမပြောပဲ ခေါင်းငုံ့သွားပြန်သည်...

"မြူငွေ့ လာ ကိုကိုနဲ့ အပြင်သွားရအောင်... "

အင်းမလုပ် အဲမလုပ်တဲ့ ကလေးငယ်ရဲ့လက်ကိုဆွဲကာ
တစ်ဖက်က စက်ဘီးတွန်းပြီး အပြင်ကိုခေါ်ခဲ့လိုက်သည်..

Reflection.. (Completed)Where stories live. Discover now