(32)

1.1K 44 1
                                    

"သစ်ခက် မလာတာ နှစ်ရက်တောင်ရှိပြီနော်
နေရောကောင်းရဲ့လား မသိဘူး..."

‌ရှေ့က အအေးခွက်ကို မွှေရင်း စိတ်ပျက်သလို ပြောလာတဲ့
ရဲသွေးက အခြေအနေအားလုံးကို ဘာမှသိသေးဟန်မတူ...

"နင်တကယ် မသိတာလား ရဲသွေး..."

"ဘာကိုလဲ..."

နွေးရဲ့ စကားကို ဘာလဲဟူသောအဓိပါယ်နှင့်
ပြန်မေးလာတဲ့ရဲသွေးက တကယ်လဲ ဘာမှ သိပုံမပေါ်တာကြောင့်...

"သစ်ခက်က လက်ထပ်တော့မှာ...သန်ဘက်ခါဆို သူ့ရဲ့စေ့စပ်ပွဲ..."

ခွမ်း!!!!

လက်ထဲက အအေးခွက်ပင် ကျကွဲသည်အထိ ရဲသွေးမျက်နှာမှာ ကြောက်ရွံမှုတို့ အထင်သား....

တစ်ခုခုကို ဆုံးရှုံးရမှာ ကြောက်ရွံ့နေတဲ့ မျက်နှာထားမျိုး...

"‌ဘာ!!! နွေးနွေး နင်ဘာပြောလိုက်တာ!!!!"

သစ်ခက်အပေါ် ရဲသွေးရဲ့ ခံစားချက်ကို သူမ သိပေမဲ့
ရဲသွေးကို ဒီ့ထက်ပိုပြီး မခံစားစေလိုပါ....

"နင်မေ့လိုက်တော့ ရဲသွေး သစ်ခက်က မကြာခင်
လက်ထပ်တော့မှာ..."

"ဟားးးးး သူလုပ်ရက်လိုက်တာဟာ..."

မျက်နှာပေါ် လက်တွေအုပ်မိုးကာ ဆိုလာတဲ့ ရဲသွေး စကားက
ဝမ်းနည်းမှုတွေ အပြည့်....

"ငါနားလည်ပါတယ် ရဲသွေးရယ်... သစ်ခက်က နင့်ကိုမှ မချစ်တာဟာ...နင် မေ့လိုက်ပါတော့...."

"သူငါ့ကို မချစ်တာ ငါလက်ခံတယ်...ဒါပေမဲ့ ဒါပေမဲ့..
သူ့ဗိုက်ထဲက ငါ့ရင်သွေးလေးကရော...ဟမ်!!!!"

ဘုရားရေ!!!ဒါဘယ်လို စကားမျိုးပါလိမ့်

"ရဲသွေး...နင် နင်ဘာပြောလိုက်တာ!!!"

"ဟုတ်တယ် သူ့ဗိုက်ထဲမှာ ငါ့ရင်သွေး!!!
ရဲသွေးခန့်ဆိုတဲ့ ငါ့ရဲ့ရင်သွေးလေးဟ!!!!"

ယောကျာ်းလေးတန်မဲ့ ချုံးပွဲချစွာ ရှိုက်ကြီးတငင် ငိုလာပါသော သူ....

တကယ်ပဲ ဒါတွေကို သူမ မသိခဲ့ရပါလား...

"ဒါတွေက ဘယ်ကနေဘယ်လို...."

"ငါအဲ့တာအတွက် သူ့ကို တာဝန်ယူမယ်လို့ ပြောခဲ့ပြီးသားပါဟာ
သူ့ဘက်ကလဲ ငါ့ကို လက်ခံခဲ့တယ်....ဒါပေမဲ့ အခု
ဘယ်လိုဖြစ်ပြီး ဒီအခြေအနေထိ...ဟာကွာ!!!!!"

Reflection.. (Completed)Where stories live. Discover now