(4 )

1.9K 144 2
                                    

Zawgyi

"ဟဲ့ တိမ်ယံ နင်မပြန်တော့ဘူးလား "

"ပြန်မှာပေါ့ဟ ဒီမှာ လက်စသတ်နေလို့ "

" အမလေးဟယ် အလုပ်တွေအာ့လောက်ကြိုးစားပြမနေ
ပါနဲ့ အမြင်ကတ်လာပြီ"

အလုပ်လုပ်နေတာတောင် နှုတ်ခမ်းတစ်လန်ပန်းတလန်နဲ့
ရန်တွေ့နေတဲ့ ငတိမကို တွေ့ရာနဲ့ ကောက်ထုချင်မိပါသည်

ကိုယ့်ထက်အသက်ကြီးတဲ့ သူဖြစ်တဲ့အပြင် မိန်းကလေးလဲ
ဖြစ်နေတာကြောင့် စိတ်ကိုမျိုချလိုက်ရသည်

" ဂျပုမ နင်ဟာလေ ငါအလုပ်လုပ်တော့လဲ ပွစိပွစိနဲ့
မလုပ်တော့လဲ ပွစိပွစိနဲ့ အဖွားကြီးကျနေတာပဲ
ငါတောင်ဒီလောက်နားငြီးနေရင် ကိုကောင်းခန့်ဆို
တော်တော်နားငြီးမှာ မြင်ယောင်မိသေးတယ်''

သူ့ရည်းစား အကြောင်းပါလာတော့ ဂျပုမတို့
စွေ့စွေ့ခုန်ပြီလေ ကောင်းတယ် အဲ့ဒါမှ စကားပြတ်မှာ
မဟုတ်ရင် ပေရှည်နေဦးမှာ~~~~

" Yarrrrr အုတ်ခဲမ ငါ့ oppa ကိုဆွဲမထည့်နဲ့နော်
ငါ့ oppa ကငါဒီလိုပြောတာလေးကိုပဲ ချစ်နေတာ
နင်သာ နှစ်တစ်ထောင် fa ဖြစ်မှာ ပြီးတော့ ငါအရပ်ပုတာ
မဟုတ်ဘူး ရင်ခွင်မှီအရပ်လို့ခေါ်တယ် မသိရင်မှတ်ထား
ဟူး~~မောလိုက်တာ လျှာမရှည်နဲ့ လာ ပြန်မယ်!!!"

"အေးပါဟာ~~~~"

အရပ်ပုသလောက် စကားများတဲ့ ငတိမကို မနိုင်သည့်အဆုံး
ကိုယ်သာ အရှုံးပေးလိုက်ရသည်
တကယ့် သာလိကာမ!!!!!

သူငယ်ချင်းနှစ်ယောက် စကားတစ်ပြောပြောနဲ့ ဖယ်ရီကား
ကိုစောင့်နေတုန်း ဂျာကြီးနဲ့တိုးတာကြောင့် နှုတ်ဆက်လိုက်သည်

"ဂျာကြီး မပြန်သေးဘူးလား~~"

ဂျပုမရဲ့ စကားအဆုံး သက်ပြင်းအရှည်ကြီးချလိုက်တဲ့
ဂျာကြီးကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ဘာလဲဟူ၍မျက်စပစ်ကာ
ငြိမ်နေလိုက်သည်

"ပြန်လို့မရသေးပါဘူးကွာ စာရင်းတွေအကုန်လုံးကို
သေချာပြန်စစ်ရဦးမယ် ကြားထဲမှာ အချိန်က တစ်ရက်ပဲ
ရတော့တယ်"

"ဘာလို့လဲ ဂျာကြီး~~~"

နှစ်ယောက်လုံးဆီက ပြိုင်တူထွက်လာတဲ့ အမေး
ဒါမျိုးကျ နှစ်ယောက်သား အတိုင်ပေါက်ညီတယ်လေ

Reflection.. (Completed)Where stories live. Discover now