(31)

1K 43 0
                                    

သုံးရက်မြောက်နေ့....
မြူ ရုံးကို မလာတာ သုံးရက်မြောက်တဲ့နေ့...

သုံးရက်အတွင်း ဘာအဆက်အသွယ်မှ မလုပ်ခဲ့သလို
ယုတ်စွအဆုံး စွမ်းခန့်ဦးတောင် မြူနဲ့ အဆက်အသွယ်မရပါဘူးတဲ့လေ...

ဖြစ်သွားခဲ့တဲ့ အရာတွေအတွက် ချစ်ရသူရဲ့
ဖြေရှင်းချက်ကို လိုချင်ခဲ့ပေမယ့်...

အရှောင်ကောင်းတဲ့ ချစ်ရသူက ဘယ်သူ့ကိုမှ
ဆက်သွယ်မလာခဲ့....

လှိုက်တတ်လာတဲ့ ဝမ်းနည်းစိတ်ကို လျစ်လျူရှုရင်း
ပိုင်ရှင်မဲ့နေတဲ့ ခုံလေးကို တမေ့တမော ကြည့်မိတော့...

ပါးပြင်ထက် မျက်ရည်တွေက တာကျိုးသလို....

မကောင်းတဲ့ကောင်..ငါ့ကို အကြာကြီးပစ်ထားတယ်
မင်းပြောပြတဲ့ ဖြေရှင်းချက်ကို လိုချင်သေးတာကို...

"သား...."

ကုတင်ထက် ခွေခွေလေး အိပ်နေတဲ့ သားဖြစ်သူကို
သူမ တယုတယ ခေါ်မိသည်...

သားအမိနှစ်ယောက် ပြန်အဆင်ပြေတာ မကြာသေးသည့်တိုင် သားက သူမအပေါ်ကို ခင်တွယ်ရှာပါသည်....

သူမသာ သားအပေါ်ကို အရင်ကတည်းက နွေးထွေးမှု အပြည့်ပေးခဲ့ပါလျှင်....

အတွေးတို့ကို မောင်းထုတ်ရင်း သူမအား တွေတွေလေးကြည့်နေတဲ့ သားအရှေ့ကို
မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်...

"သား စဉ်းစားချိန် လုံလောက်ပြီ ထင်တယ်..."

ဘယ်လောက်ပဲ မိဘတာဝန်မဲ့ခဲ့သည်ဆိုပေမယ့်
သူမသားကိုတော့ ယောကျာ်းကောင်းတစ်ယောက်
ဖြစ်စေချင်ပါသည်...

"သား တကယ် အဲ့ဒီ့အမှားကို မလုပ်ခဲ့ဘူး အမေ...."

သားရဲ့ ရိုးသားတဲ့ မျက်လုံးတွေကို အမေ ယုံပါတယ်...

"သားပဲ မြန်မာဓလေ့ကို ချစ်တယ်ဆို..."

"ဒါပေမဲ့..."

"မြန်မာမိန်းကလေးတစ်ယောက်ကို ကာမပိုင်အဖြစ်
လွန်ကျူးပြီးရင် အဲ့ဒီယောကျာ်းက အဆုံးထိ တာဝန်ယူပေးရမယ်မလား..."

"......."

"အမေ့သားက ယောကျာ်းကောင်းတစ်ယောက် ဖြစ်မယ်ဆိုတာ အမေယုံတယ်...."

Reflection.. (Completed)Where stories live. Discover now