𝑷𝒂𝒓𝒕 10

4.6K 471 17
                                    

"ဘာအနံ့ပါလိမ့်"

မနက်မိုးလင်းလာတော့အရင်လိုဘေးနား သေးသေးကွေးကွေးအိပ်နေသည့် ကလေးငယ်ကိုမတွေ့ရ။
နှာခေါင်းထဲဝင်လာသော အနံ့ကဘာအနံ့လည်းဆိုတာဝေခွဲမရတာမို့ ရေချိုးခန်းဝင်ကာကိုယ်လက်သန့်စင်ပြီးအိမ်အောက်သို့မြန်မြန်ဆင်းလာလေသည်။

"သ..သခင်လေး..မလုပ်တတ်ရင်မလုပ်...ပါနဲ့ "

"ဘာလဲ ဦးလေးကသားကိုအထင်သေးတာလား ကြည့်နေကြည့်နေ သားရအောင်လုပ်ပြမယ်"

မီးဖိုချောင်ထဲ ဇွန်းယောက်ချိုနဲ့အလုပ်များနေသော ရိပေါ်က ဘေးကနေတားနေသည့် Xiaoအိမ်တော်ကစားဖိုမှူးကိုပြောဆိုနေသည်။

"အထင်သေးတာမဟုတ်ပါဘူး သခင်လေးတစ်ခုခုထိခိုက်သွားရင် ဦးလေးတို့ရှောင်းသခင်လေးလက်ချက်နဲ့သေလိမ့်မယ်"

ကျောင်းပိတ်သည်မို့ Daddyကိုဟင်းကိုယ်တိုင်ချက်ကျွေးချင်သည်။
ဖွားကစိန်တွေစစ်ဖို့ "XZ diamond"ဆိုင်သို့အစောကြီးကတည်းကထွက်သွားသည်။
အလုပ်ပိတ်ရက်မထားသည့် Daddyသည်လည်း အပြင်ထွက်မည်ဆိုး၍တတ်နိုင်သမျှအစွမ်းတွေကိုထုတ်သုံးကာအိမ်မှာနေစေရန် ဟင်းချက်ကျွေးဖို့ပြင်သည်ကိုဘေးကဦးလေးကစိုးရိမ်တကြီးနှင့်ပင်။

"အာ...ဦးလေးကလည်း Daddyကသဘောကောင်းပါတယ် ဦးလေးဘာမှမဖြစ်စေရဘူးစိတ်ချ အမယ်လေး...."

ရုတ်တရက်မီးအရှိန်မြင့်သည့်ခလုတ်ကိုအဆုံးထိလှည့်ချလိုက်တာမို့မီးကဝုန်းခနဲထလာသည်ကို လန့်ပြီးအော်မိသွားသည်။

မီးဖိုချောင်ကအနံ့ထွက်နေသည်မို့ ရှောင်းကျန့်ဝင်လာတော့

"ဝမ်ပေါက် ဒါဘာလုပ်နေတာလဲ!!"

"ဟီးဟီး Daddyနိုးလာပြီလား"
နှာခေါင်းထိပ်လေးကွက်ပြီးမီးခိုးမှိုင်းပေပြီးမဲနေသည့် ကလေးမျက်နှာကိုလက်နှစ်ဖက်နဲ့ဆွဲယူကာပွတ်ပေးလိုက်သည်။

"ဦးလေး ဒီမှာဝမ်ရိပေါ်လုပ်နေတာကိုမတားပဲထိုင်ကြည့်နေတာလား!! တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

Daddyကစိုးရိမ်သံတွေရောကာဒေါသတစ်ကြီးစားဖိုမှူးဦးလေးကြီးကိုငေါက်သည်။

A Little Boy's  DaddyWhere stories live. Discover now