စင်သီ တရုတ်ကိုရောက်တာ တစ်လလောက်ရှိနေပြီဖြစ်ပြီး
ရှောင်းကျန့်compenyမှာပင်အလုပ်တွေကူလေ့ရှိသည်။
ရှောင်းကျန့်စီးပွားရေးကလည်းပြောပြမတတ် ကမ္ဘာကိုဖောင်ထွက်ပြီးအောင်မြင်လေသည်။
ဝန်ကြီးသားရှောင်းကျန့်ဟာသတင်းမီဒီယာတွေမှာပါသည်ကိုမကြိုက်တာမို့ နိုင်ငံရေးကိုဝင်မပါသော်လည်း
စီးပွားရေးကသောက်သောက်လဲအောင်မြင်တာမို့အတော်ကိုနာမည်ကြီးလေသည်။
တစ်ဖက်ကရိပေါ်ကလည်း သူ့အပေါ်ဂရုမစိုက်သည့်Daddyကိုအဖက်မလုပ်တော့ Clubမှာသာအချိန်ဖြုန်းများလာသည်။"ရှောင်းကျန့် ဒီတစ်ပတ်လည်းငါ့တို့ဆီမှာမြုပ်နှံမယ့်ရှယ်ယာရှင်တွေအတော်တိုးလာပြန်ပြီ"
"အင်း..ငါသိတယ် စင်သီ"
ရှောင်းကျန့်နဲ့စင်သီရုံးခန်းထဲစကားပြောနေတုန်း
Yi compenyက ခယ်ကျင်းရှီရောက်လာလေသည်။"CEO ခယ် ရောက်လာပြီလား ထိုင်ပါဦး"
ခယ်ကျင်းရှီ ဒီတစ်ခေါက်ကအလုပ်ကိစ္စဖြင့်ရောက်လာသည်မဟုတ်။
ရှောင်းကျန့်နဲ့အမျိုးသမီးတစ်ဦးတွဲနေပြီဟုနာမည်ထွက်နေသောကြောင့် လာရောက်စုံစမ်းခြင်းပင်။
သူမခံယူချက်ကရှောင်းကျန့်ကိုဟိုကလေးရိပေါ်နဲ့ပဲသဘောတူတယ်
သူကလွဲရင်ရှောင်းကျန့်ကိုဘယ်သူ့လက်ထဲမှထည့်မည်မဟုတ်.."သြော် ဒါက စင်သီဆိုတာလား"
"ဟုတ်ပါတယ် အမခယ် ကျမတို့Compenyနဲ့လက်တွဲရတာအဆင်ပြေရဲ့လား"
ရှောင်းကျန့်ကခယ်ကျင်းရှီဟာသူတို့compenyရဲ့ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပြီးယခုလက်တွဲလိုက်ပြီဖြစ်ကြောင်းပြောပြထားသောကြောင့် စင်သီသူမကိုသိလေသည်။
"အင်း..CEO ရှောင်းနဲ့လက်တွဲရတာတကယ်အကျိုးမြတ်ရှိပါတယ်"
"နှစ်ယောက်စကားပြောထားနှင့်ကြပါ ကျတော်meetingရှိလို့သွားလိုက်ပါဦးမယ်"
"သွားပါ သွားပါ စိတ်ဖြောင့်ဖြောင့်နဲ့သာထားခဲ့ပါ CEOရှောင်း"
ရှောင်းကျန့်ထွက်သွားပြီးသည်နှင့် အခန်းထဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကခယ်ကျင်းရှီ