𝑷𝒂𝒓𝒕 30

2.6K 228 28
                                    

ရိပေါ် ဟောက်ရွှမ်းနဲ့ ယွိပင်းတို့သုံးယောက် ကားမောင်းပြိုင်နေကြရင်း စားသောက်ဆိုင်တစ်ဆိုင်ထဲဝင်နားတုန်း ရိပေါ်ခဏခဏအန်နေသည်။
ဒါကြောင့်ဟောက်ရွှမ်းနဲ့ယွိပင်းက နေမကောင်းဖြစ်သည်အထင်နဲ့ဆေးရုံသွားစစ်ကြည့်တော့

"ဘယ်လို!!..သူ့..သူ့မှာကိုယ်ဝန်ရှိနေပြီ ဒါဘယ်လိုဖြစ်နိုင်မှာလဲ သူကယောကျာ်းလေးလေ"

ဟောက်ရွှမ်းကမယုံနိုင်တဲ့မျက်ဝန်းတွေနဲ့အတူဆရာဝန်ကိုမေးသည်။

"Mpregဆိုတာမျိုးကိုကြားဖူးလား ဒါမျိုးအခြေနေမှာဆိုရင် လိင်ဆက်ဆံတဲ့ယောကျာ်းနှစ်ယောက်မှာ တစ်ယောက်က Alphaအနေနဲ့ဖြစ်ပြီး ကျန်တစ်ယောက်က Omega အနေနဲ့သွားတယ် ဒီကောင်လေးကOmegaအနေနဲ့လှုပ်ရှားခံရပြီး မွေးရာပါသားအိမ်ရှိနေတာကသူ့မှာကိုယ်ဝန်တည်သွားဖို့အကြောင်းပြချက်တစ်ခုပဲ"

ဆရာဝန်ဆိုလိုသည်ကိုဟောက်ရွှမ်းနားမလည်ပါ။သို့ပေမယ့်ရိပေါ်မှာသားအိမ်လိုအရာရှိနေတာ ဟောက်ရွှမ်းရော ယွိပင်းပါငယ်စဉ်ကတည်းကသိထားကြသူများဖြစ်သည်။
ဟောက်ရွှမ်းလက်မခံနိုင်သည်က ဒီလိုအဖြစ်ပျက်မျိုးဖြစ်အောင် ဘယ်လိုလူကရိပေါ်ကိုကျူးလွန်လိုက်တာလဲဆိုတာပဲ!

ဆရာဝန်ထွက်သွားတော့ ခုတင်ပေါ်မှာကျောက်ရုပ်လိုထိုင်နေသည့်ရိပေါ်ကို ဟောက်ရွှမ်းကြည့်လိုက်သည်။
ယွိပင်းကလည်းမတ်တပ်ရပ်ဆွံ့အနေပေမယ့် ရိပေါ်ပုခုံးပေါ်လက်တင်ကာနှစ်သိမ့်နေဟန်။

ရိပေါ်ငြိမ်သက်နေသည်ကတစ်ခြားတော့မဟုတ်။
သူသိသည် သူဗိုက်ထဲကကလေးကDaddy့ ရဲ့ပေါက်စလေးဆိုတာ
ဒါကြောင့်နာမည်စဉ်းစားပေးနေခြင်း..

ငါ့ဗိုက်ထဲမှာ ကလေးလေးရှိနေတာတဲ့လား
ငါအဖေဖြစ်ပြီပေါ့ Daddyနဲ့အတူမိသားစုတစ်ခုတည်ထောင်လို့ရပြီပေါ့
နာမည်ကရောဘယ်လိုပေးရမှာလဲ ရှောင်းဝမ် ဒါမှမဟုတ်ရှောင်းပေါ် ဘာပဲဖြစ်ဖြစ် ရှောင်းပိစိလေးတွေတော့ထွက်လာတော့မှာပဲ

ငြိမ်သက်နေဆဲဖစ်သည့်ရိပေါ်ကိုဟောက်ရွှမ်းကြည့်ပြီး
အဓိပ္ပါယ်​ကောက်လွဲစွာ သူနဲ့ကျူးလွန်ခဲ့သည့်လူကိုမမှတ်မိ၍ငေးငိုင်နေသည်ဟုတွေးလိုက်မိသည်။
ချက်ခြင်းဆိုသလို ရိပေါ်အရှေ့သွားကာ

A Little Boy's  DaddyWhere stories live. Discover now