Part 43

1.1K 86 12
                                    

မင်္ဂလာဆောင်သည့်နေ့မှာပင် ခွဲစိတ်ခန်းထဲရောက်နေရသည့် ရှောင်းကျန့်။
မည်သူ့လက်ချက်မှန်းတိတိကျကျမသိသလို ထိုအခြေအနေတွင် ရန်သူဘက်အားလှည့်မနိုင်ဘဲ ဝမ်ရိပေါ်အပါဝင် မိသားစုဝင်နှင့် သူငယ်ချင်းများက ရှောင်းကျန့်စိတ်ချရမည့်အခြေအနေကိုသာ မျှော်လင့်နေကြသည်။

"ဆရာ ဆရာ ကျွန်မသားလေး.."

ခွဲခန်းထဲကထွက်လာသည့် ဆရာကို ရှောင်းမားကစိုးရိမ်စွာမေးဟန်ပြုတော့ ဆရာဝန်က အန္တာရယ်ကင်းသည်ဟူသောသဘောဖြင့် ခေါင်းညိတ်ပြသည်။

"လူနာ စိတ်ချရတဲ့အခြေအနေရောက်ပါပြီ ကံကောင်းတာက နောက်ကျောဘက်ကိုထိတာမို့လို့ အရှေ့ကသာဆိုလွယ်တာမဟုတ်ဘူး"

"ကျေးဇူးပါ ဆရာရယ် ကျေးဇူးတင်ပါတယ်"

"ယောကျာ်း"

ခွဲခန်းထဲမှ သတိမဲ့စွာလဲလျောင်းနေသည့်ရှောင်းကျန့်အား nurseနှစ်ဦးက ခုတင်တွန်းရင်းထွက်လာသည်ကို ဝမ်ရိပေါ်မြင်သည်နှင့်တစ်ပြိုင်နက် ခြေလှမ်းတွေကလည်းတိုင်ပင်ထားစရာမလိုသည်တိုင် ထိုအနားသို့ရောက်ရှိသွားသည်။

"ဖွားဖွား ကျွန်တော့်ယောကျာ်းကဘာလို့မျက်လုံးမဖွင့်သေးတာလဲ ကြည့်ပါဦး ဆရာကလိမ်တာထင်တယ်"

မျက်ရည်စက်လက်ဖြင့် နိုးမလာသေးသောသူကိုတစ်လှည့် ရှောင်းမားကိုတစ်လှည့်ကြည့်ရင်း ငိုနေသည့်ကလေးကို တကယ်ကိုသနားစဖွယ်။

"လူနာကအဆင်ပြေပါတယ် မေ့ဆေးပေးထားတာမို့ အိပ်ပျော်နေရုံပါ အခုသူအနားယူဖို့လိုပါတယ်"

VIP roomထဲဝင်သွားတဲ့ ရှောင်းနောက်ကို ဝမ်ရိပေါ် ထပ်ကြပ်မကွာလိုက်နေမိသည်။ ထိုလူအနားကနေ ရိပေါ်တစ်ဖဝါးမှမခွာရဲပေ။ ထိုလူသာတစ်ခုခုဖြစ်ခဲ့လျှင် သူ့ဘဝလည်းအဆုံးသတ်သွားလိမ့်မည်။ ရှောင်းကျန့်ဟာ ရိပေါ်ရဲ့ရှင်သန်ရာဖြစ်သောကြောင့် အမြဲထာဝစဉ် အနားကနေထွက်ခွာမည်မဟုတ်။

ထိုနေ့က ခမ်းနားလှသည့် လက်ထပ်ပွဲကအဆုံးသတ်သွား၏။ လက်ထပ်လက်စွပ်ဝတ်ပြီးကြသည့် သတိုးသားအသစ်စက်စက်နှစ်ဦးဟာ မင်္ဂလာဦးညကို ဆေးရုံမှာကုန်ဆုံးရသည်ကလွဲလျှင် အရာအားလုံးကသာမာန်ပင်။ သူတို့သည့် အကြင်လင်လင်အရာမြောက်ပြီးဖြစ်သည်။ အသက်သာရှူရုံရှိသည့် အိမ်ထောင်ဦးစီးမျက်နှာချောချောကိုငေးရင်း ထိုညကိုရိပေါ်ကုန်ဆုံးခဲ့သည်။

A Little Boy's  DaddyWhere stories live. Discover now