Part 42

2K 159 28
                                    

စည်ကားသိုက်မြိုက်လှသည့် ရှောင်းဝမ်weddingကြီးဟာဆိုရင် ကြည်နူးဖွယ်ရာရယ်သံတွေနဲ့အတူ လက်ခုပ်တီးအားပေးသံတွေဟာနေရာအနံ့ပျံ့နှံ့လို့နေတယ်။

ဝမ်ရိပေါ်ဘဝမှာအပျော်ရွှင်ရဆုံးအချိန်တစ်ခုကိုပြောပါဆိုရင် ဒီနေ့ပဲဖြစ်ပါလိမ့်မယ်။
သူအနှစ်နှစ်အလလကပိုင်ဆိုင်ချင်ခဲ့သောလူသားဟာ
သူ့ယောကျာ်းအဖြစ်ကိုတရားဝင်ခံယူရတော့မည်လေ။

"ဝမ်ရိပေါ် ဘာတွေတွေးနေပြန်ပြီလဲ မကြာခင်လင်ပိုင်ရာပိုင်ဖြစ်မယ့်လူကအတွေးတွေတောင်လွန်နေပြီလား"

ကြည်လင်သောမှန်တစ်ချပ်ရှေ့ထိုင်ကာပြုံးယောင်ယောင်လုပ်နေသည့် ဝမ့်ကိုဟောက်ရွှမ်းကရွှတ်နောက်နောက်မေးတော့မှစိတ်နှင့်ကိုယ်နှင့်ကပ်လာသော ဝမ်ဟာသဘောကျစွာပြုံးနေသေးပါ၏။

"ရိပေါ်!! လာတော့လေ ပွဲစတော့မှာကို"

အခန်းထဲလောကြီးစွာပြေးဝင်လာသည့် ယွိပင်းကိုတွေ့တော့မှ ရိပေါ်ကထရပ်လိုက်လေသည်။
အဖြူရောင်အနောက်တိုင်းဝတ်စုံနဲ့ဝမ်ဟာ တကယ့်ကိုနတ်သားတစ်ပါးအလား။
ဖြူအုအုပါးပြင်ထက်ကသွေးကြောမျှင်မျှင်တွေနဲ့ ရဲစိုစိုနှုတ်ခမ်းပါးတို့ဟာတကယ့်ကိုစိတ်ကြည်နူးဖွယ်ရာပင်။
တော်ဝင်အဖြူရောင်ဝတ်စုံကိုဝတ်ထားသည့်ဝမ်ဟာ မြင်ရသူအဖို့တကယ့်ကိုငေးမောစရာကောင်းပေမယ့်လည်း ထိုကြွေထည်လေးကိုပိုင်ဆိုင်နိုင်သူက ရှောင်းကျန့်တစ်ယောက်တည်းသာဖြစ်ခဲ့ပါသည်။

Weddingအခမ်းနားထဲလျှောက်လှမ်းလာသည့်အခါ တစ်ဖက်မှသူ၏အလာကိုစောင့်ဆိုင်းနေသူကသူချစ်သောအသစ်စက်စက်သတို့သား။

"သား ဝမ်လေး "

ဖခင်ဖြစ်သူထံကချိုမြိန်သောအသံကြားရသည့်အခါ သူ၏ရှေ့မှောက်မှာဖခင်၏လက်တစ်ဖက်ကနေရာယူထားနှင့်ပြီးသားဖြစ်သည်။
ဖခင်ဖြစ်သူ၏လက်ကိုချိတ်ပြီး အဖြူရောင်ကောဇောခင်းထားသည့်လမ်းကိုလျှောက်လှမ်းကာ ခင်ပွန်းလောင်းထံသို့အပြုံးလှလှဆင်မြန်းလျက်လာခဲ့လေသည်။

ကင်မရာမီးရောင်တစ်ဖျက်ဖျက်နှင့်ရင်ခုန်စရာကောင်းလှသော်လည်း ရှောင်းကျန့်သူ့ကိုကြည့်နေသည့်ပိတိဖြာစေသောအကြည့်ကာသူ့ကိုကိုရင်ခုန်စိတ်လှုပ်ရှားစေသည်။

A Little Boy's  DaddyWhere stories live. Discover now