𝑷𝒂𝒓𝒕 14

4K 431 46
                                    

ဗိုက်ကတစ်ဆာဆာနဲ့မြည်နေတာမို့
ရိပေါ်အိပ်နေရာမှနိုးလာသည်။
စောင်ပုံလေးထဲလုံးလုံးလေးကွေးနေသည့်
ရိပေါ်ကတစ်စုံတစ်ခုကိုတွေးပြီးကြောက်ရွံ့တုန်လှုပ်နေပြန်သည်။

"ဟော အသေးလေးနိုးနေပြီလား ဗိုက်ဆာနေရောပေါ့"

တံခါးဖွင့်ဝင်လာပြီးသူအိပ်နေရာမွေ့ယာဆီပေါ်သို့
လာထိုင်ကာသူ့အားပြုံးပြုံးကြီးမေးလာသည့်
Daddyကြောင့်အနောက်သို့ဆုတ်မိသည်။
မျက်ရည်ဥဘေးတွေပါတွဲခိုလာတော့

"ဟင် ပိစိ ဘာဖြစ်တာလဲ နေမကောင်းဘူးလား ဗိုက်ဆာနေလို့လား"

Daddyကစိုးရိမ်တကြီးနဲ့မွေ့ယာပေါ်မှာ
ထိုင်လျက်ရှေ့တိုးပြီး ပိစိနဖူးလေးကိုစမ်းသည်။

နေလည်းကောင်းပါတယ်...

သေချာကြည့်မှ ပိစိကနှုတ်ခမ်းကို
အသေကိုက်ထားပြီးမျက်လုံးလေးတွေထဲ
အရည်လဲ့နေသည်။

"အင့်...."

ကြည့်ရတာငိုချင်နေဟန်
မငိုအောင်အတင်းထိန်းထားတာမို့ရှိုက်သံလေးကအင့်ခနဲပင်။

"အာ...Daddyပိစိလေး ဘာဖြစ်တာလဲ Daddyကိုပြော မနက်ကDaddyကျွေးတာစားပြီးဂိမ်းဆော့ရင်းအိပ်ပျော်သွားတာ ဘယ်နေရာနေမကောင်းလို့လဲ"

"ဟင်!!"

နှာဖျားရဲရဲလေးနဲ့အံ့သြသွားသယောင်
ဟင်ဆိုတာကလွဲပြီးထွက်မလာသော
ရိပေါ်ကြောင့်Daddyစိုးရိမ်နေမိသည်။
ရိပေါ်ချက်သည့်ဟင်း(ဆန်ကြော်)က
စားလို့မရ၍ ရှောင်းကျန့်ကိုယ်တိုင်သာချက်ကြွေးလိုက်သည်။
စားပြီးတော့စာမလုပ်ပဲဂိမ်းဆော့နေသည့်ကလေးက
အိပ်ပျော်နေတာမို့ သူ့အခန်းထဲချီကာသိမ့်ရသည်။
နိုးလာတော့ဘာဖြစ်မှန်းမသိ။

Daddyပြောတာကိုတွေးပြီးရိပေါ်စဉ်းစားနေမိသည်။
ဂိမ်းဆော့ရင်းအိပ်ပျော်သွားသည်တဲ့!

အား...ဟုတ်သား သူထမင်းစားပြီးဧည့်ခန်းမှာဂိမ်းထိုင်ဆော့နေတာ
အိပ်ပျော်သွားတော့ သောက်ကျိုးနည်းအိပ်မက်တွေလာမက်
ဝမ်ရိပေါ်သူ့ကိုယ်သူသာအပြစ်တင်လိုက်ချင်တော့သည်။

အိပ်မက်ထဲကဖြစ်ရပ်တွေကိုအမှန်ထင်ပြီး
Daddyကိုကြောက်နေတာ
သူကိုယ်လေးကိုမသိမသာလိမ့်ကြည့်လိုက်ပါသေးသည်။
နာကျင်ခြင်းမရှိတာမို့သူသိလိုက်သည်။

A Little Boy's  DaddyWhere stories live. Discover now