Part 39

2.1K 245 31
                                    

Unicode

ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ဝမ်ရိပေါ်အခန်းထဲဦးတည်လာစဥ်မှာ

"Mr.Xiao!!"

ဘယ်ချိန်က ဧည့်ခန်းထဲရောက်နေမှန်းမသိသည့် ဟောက်ရွှမ်းကိုတွေ့လိုက်ရတော့ ခြေလှမ်းများခဏရပ်တန့်သွားလေသည်။

သို့ပေမယ့်လို့ ရှောင်းကျန့်အကြည့်တွေက ဝမ်ရိပေါ်ရှိသည့်အခန်းကိုလှည့်ကြည့်မိနေပြန်သေးသည်။

"ဟောက်ရွှမ်း ငါ့မှာအရေးကြီးတာရှိသေးလို့ပြောစရာရှိတာနောက်မှပြောတော့"

ဟောက်ရွှမ်းကိုထိုမျှသာပြောပြီး ဝမ်ရိပေါ်အခန်းထံဦးတည်နေရာ ဒီတစ်ခါတော့ဟောက်ရွှမ်းစကားကြောင့်ရှောင်းကျန့်ခြေလှမ်းတွေက ကျောက်ရုပ်သဖွယ်ရပ်တန့်သွားရလေတော့သည်။

သူမှမပြောရင်မသိနိုင်တော့တာမို့ အချိန်တွေကျော်လွန်သွားမှာဆိုးသည့်အတွက် ဟောက်ရွှမ်းထိုင်နေရာမှချက်ခြင်းထရပ်ကာ စကားလုံးတစ်ချို့ကိုအလျင်မြန်ပြောလိုက်လေသည်။

"ရိပေါ်ရဲ့ကလေးက Mr.Xiaoဟာ"

ရှောင်းကျန့်နှုတ်ခမ်းတွေတုန်လှုပ်စွာပင် ဟောက်ရွှမ်းဘက်ကိုလှည့်ကြည့်လိုက်သည်။

"ငါ့...ငါ့ဟာ ငါ့ကလေးလား"

ဟောက်ရွှမ်းကသက်ပြင်းတစ်ချက်ချပြီးသည့်နောက်မှာ
ခေါင်းတစ်ချက်ကိုဖြေးညှင်းစွာညိတ်ပြလိုက်တော့ ရှောင်းကျန့်ရင်ထဲအပူလှိုင်းဖြတ်သွားသလိုခံစားလိုက်ရသည်။

"ငါ့ကလေးတဲ့လား.."

တိုးတိုးရေရွတ်ရင်း နှုတ်ခမ်းတွေကပြုံးမိပြီးခြောက်သွေ့နေစပြုသည့်မျက်ရည်တွေကတစ်ဖန်ပြန်လည်းစီးဆင်းလာရသည်။

"ဟား...ဟား...ငါ ငါဘာလို့မသိခဲ့ရတာလဲ ငါ့ကလေး ငါ့ကလေးကိုလေ တောက်"

ရယ်နေသလိုလို ငိုနေသလိုလို ကြည်နူးနေသလိုလိုနဲ့ဒေါသထွက်နေသလို ခံစားချက်ပေါင်းစုံဖြစ်နေသည့်ရှောင်းကျန့်မျက်နှာက တကယ်ပင်ခန့်မှန်းရခက်ခဲလွန်းနေသည်။

မင်းဘယ်လိုသိလဲလို့ မမေးနိုင်တော့လောက်အောင်ကို ရှောင်းကျန့်စိတ်ထဲ ဝမ်ငယ်ကိုယ်ဝန်ကသူနဲ့ရသည်ဆိုတာကိုသူသေချာသိသွားခဲ့သည်။
ထိုနေရာမှာတင်ရပ်ငိုနေသည့်ရှောင်းကျန့်က မျက်ရည်စတွေကိုလက်ဖြင့်အကြမ်းပတမ်းပွတ်ဆွဲပြီး ဟောက်ရွှမ်းကိုစကားတစ်ခွန်းဖွင့်ဟလိုက်သည်။

A Little Boy's  DaddyWhere stories live. Discover now