𝑷𝒂𝒓𝒕 37

4.3K 276 52
                                    

"ဘယ်လို ရိပေါ်မှာကိုယ်ဝန်နဲ့!!"

ရွှယ်ယမ်၏အံ့သြထိန့်လန့်နေသည့်မျက်နှာကို ဟောက်ရွှမ်းကဒေါသဖြစ်စွာ ထိုင်နေရင်းပေါင်ပေါ်လက်သီးစုပ်မိလိုက်သည်။
သူတို့ရှိနေသည့်စားသောက်ဆိုင်ဟာအေးချမ်းသည်ဆိုပေမယ့်လို့ရွှယ်ယမ်၏အသံကအေးချမ်းမှုကိုဖျက်ဆီးလိုက်သည့်အလား။

"ချောင်ရွှယ်ယမ် မင်းသိပြီးသားကိစ္စကိုလန့်ပြနေစရာမလိုပါဘူး"

အေးစက်သည့်မျက်နှာထားနှင့်ပြောနေသည့်ဟောက်ရွှမ်းစကားကိုရွှယ်ယမ်နားမလည်တာတော့အမှန်ပင်။

*သူဘာကိုဆိုလိုတာလဲ ပြီးတော့ဘာတွေလဲ ရိပေါ်မှာကိုယ်ဝန်နဲ့တဲ့ ယောကျာ်းလေးတစ်ယောက်ကလေ!!*

သူ့ရှေ့မှာတည်နေသည့်ရွှယ်ယမ်ကိုဟောက်ရွှမ်းကစကားထပ်ဆိုလိုက်သည်။

"ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ!"

"မင်းဘာကိုပြောနေတာလဲ ငါမသိတော့ဘူး"

"အဟမ်း မင်းကသေသေချာချာပြောပြမှနားလည်မယ်ဆိုတဲ့သဘောလား ငါပြောတာကမင်းဘာလို့ရိပေါ်ကိုဖျက်ဆီးခဲ့ရတာလဲလို့!!"

စကားသံအဆုံးကဒေါသကြောင့်ကျယ်လောင်သွားပြီးစုပ်ထားသည့်လက်သီးစုပ်ကစားပွဲပေါ်ဘုန်းခနဲကျလာကာဒုန်းခနဲဟူ၍ပင်မြည်သွားလေသည်။
ဘေးကလူတွေကဝေ့ကြည့်ပတ်ကြည့်လုပ်နေကြပေမယ့်သူတို့နှစ်ဦးကတော့ထိုလူတွေကိုအရေးမစိုက်အားပါ။

ဟောက်ရွှမ်းစကားအဆုံးမှာတော့မျက်မှောင်ကျုတ်သွားရသူကတော့ချောင်ရွှယ်ယမ်ပင်။

"မင်းဘာစကားတွေပြောနေတာလဲ ငါကရိပေါ်ကိုဖျက်ဆီးတယ် ဟုတ်လား မင်းဟာသရယ်စရာမကောင်းဘူးနော် ဟောက်ရွှမ်း"

"ဟာသတဲ့လား ငါတွေ့ခဲ့တယ် အဲ့နေ့ကငါတွေ့ခဲ့တယ်!!"

"တွေ့တယ် မင်းကဘာကိုများတွေ့ရတာလဲ"

ရွှမ်ယမ်စကားကဟောက်ရွှမ်း၏ဒေါသကိုဆွနေသယောင်။ လည်ပင်းကထောင်နေသည့်အကြောတွေကြောင့်သူဒေါသတွေထိန်းနေမှန်းသိသာလွန်းလှသည်။
ဟောက်ရွှမ်းတံတွေးကိုခက်ခက်ခဲခဲမြိုချလိုက်ရာတွင်လည်ပင်း၌ဖုဖောင်းနေသည့်Ardam's appleမှာခန့်ညားစွာလှုပ်ခတ်သွားလေသည်။

A Little Boy's  DaddyWhere stories live. Discover now