Part 40

2.3K 230 22
                                    

ခယ်ကျင်းရှီတစ်ယောက်လောလောနှင့်ကားparkingကိုရောက်ဖို့စိတ်အားထက်သန်နေပြီး ကားကိုအလျင်စလိုမောင်းချလာလေသည်။
ထိုအချိန်မီးနီပြသည်ကိုဂရုမမူမိပဲကားဖြတ်ကူးရာ တစ်ဖက်ကားကုန်တင်ကားနှင့်ထိပ်တိုက်တွေ့လေသည်။
သို့သော်ငြားလည်းသူမ၏ကားကအရှိန်မြန်နေတာကြောင့် သီသီလေးလွတ်သွားလေတော့သည်။

ကားparkingသို့အရောက် စင်သီလဲကျနေသောနေရာတွင် သွေးကွက်အနည်းငယ်ကလွဲလို့မည်သည့်အရာမှမရှိတော့။

"ဟင် ဘယ်ရောက်သွားတာလဲ လူ..လူရော"

ခယ်ကျင်းရှီတုန်လှုပ်ခြောက်ခြားစွာပင် ထိုနေရာ၌ဟိုကြည့်ဒီကြည့်ရှာနေမိသည်။
parkingတစ်ခုလုံးနှံ့စပ်သွားသည်အထိ စင်သီကိုမတွေ့ရ။

ရှောင်းအိမ်တော်၏အောက်ထပ်တစ်နေရာ၌ အိပ်ပျော်နေသော ဝမ်ငယ်နိုးထလာလေသည်။
နိုးလာချင်းမျက်လုံးတို့ဖွင့်တော့မြင်လိုက်ရသည်က ခန့်ညားချောမောနေသောDaddy။
သူ့ကိုပြုံးပြီးကြည့်နေသည်ကစိတ်ကျေနပ်စဖွယ်။
တစ်ချိန်လုံးအဲ့လိုကြည့်နေတာတော့မဟုတ်ဘူးမလား ။

သူ့အတွေးနဲ့သူ ပြုံးမိသွားပြီးရှက်သွားကာစောင်ကိုခေါင်းမြှီးခြုံလိုက်တော့

"ဝမ်လေး အိပ်ပဲအိပ်မနေနဲ့လေ"

စောင်ကိုဆွဲချလာသည့်Daddy။
Daddyကထူးဆန်းနေသယောင် သူ့ကိုကြည့်နေသည့်အကြည့်တွေကနူးညံ့နေပြီးခါတိုင်းနှင့်မတူ။

ရှောင်းကျန့်  ဝမ်ရိပေါ်နှုတ်ခမ်းကိုငုံ့နမ်းလိုက်လေတယ်
ရိပေါ်မျက်လုံးလေးတွေမဆိုသလောက်ပြူးမိသွားသည်။
သူ့Daddyကိုနားမလည်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တော့ သူ့နှုတ်ခမ်းကိုထပ်ငုံ့နမ်းလိုက်လေသည်။

"Daddy..."

"ဝမ်လေး မင်းကအရမ်းဆိုးတယ် ကိုယ်မင်းကိုအပြစ်ပေးမယ်"

ထပ်မံနမ်းရှိုက်လာသောနှုတ်ခမ်းတွေကလွှတ်မပေးတော့ပေ။

Daddyဘာဖြစ်နေတာလဲ ဘာပဲဖြစ်ဖြစ်သူကြိုက်သည်ပဲလေ

ထပ်မေးမနေတော့ပဲ Daddyအနမ်းတွေကိုကျေကျေနပ်နပ်ကြီးခံယူလိုက်မိလေသည်။
ချိုမြိန်ပြီးစွဲမက်စရာကောင်းတဲ့ဒီအနမ်းတွေသူမျှော်လင့်နေခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲ
သူတစ်ယောက်သာရနိုင်တဲ့အနမ်းတွေလေ..

A Little Boy's  DaddyOnde as histórias ganham vida. Descobre agora