𝑷𝒂𝒓𝒕 36

2.9K 264 19
                                    

*ခွပ်*
ပြင်းထန်သောထိုးချက်က ချောင်ရွှယ်ဝန်မျက်နှာပေါ်ကျရောက်လာခဲ့သည်။

"Dad မလုပ်ပါနဲ့တော့"

"ပါးစပ်ပိတ်ထား Billish မင်းပါးလူမဆန်တဲ့လုပ်ရပ်လုပ်ထားပြီးသက်သောင့်သက်သာနေလို့ရမယ်ထင်နေလား"

အိမ်ကြီးတစ်အိမ်ရဲ့အခန်းတစ်ခန်းထဲမှာ Alex Krisရဲ့ဒေါသသံကြောင့် ချောင်ရွှယ်ဟန်ရောချောင်ရွှယ်ယမ်ရောအသံမထွက်ရဲကြပင်။
Billishဆိုသည်မှာရွှယ်ယမ်၏အမေရိကန်နာမည်တစ်ခုပင်ဖြစ်သည်။
ယခုသူတို့ပြောနေသောဘာသာစကားမှာလည်းတရုတ်မဟုတ်ပဲအင်္ဂလိပ်ဘာသာစကားဖြင့်ပြောနေကြခြင်းဖြစ်သည်။
ဒေါသဖြစ်နေသည့်လူကတော့Billish၏ပထွေးဖြစ်သူပင်။
Alex Krisကရွှယ်ယမ်ပထွေးဆိုပေမယ့်အဖေရင်းနှင့်မခြားသူတစ်ယောက်။
Alex Krisနှင့်ချောင်ရွှယ်ဟန်မှာကျောင်းကတည်းကအချစ်ဦးတွေဖြစ်ခဲ့ကြပေမယ့်ယောကျာ်ချင်းဖြစ်တာမို့အိမ်ကသဘောမတူပဲခွဲကာမိန်းမပေးစားခဲ့ပြီးရွှယ်ယမ်ကိုမွေးခဲ့သည်။မွေးပြီးပြီးမိန်းမဖြစ်သူသေသွားပြီးခြောက်လအကြာသူတို့နှစ်ယောက်ပြန်တွေ့ကာအချစ်ဇာတ်လမ်းပြန်စရင်းရွှယ်ယမ်ကိုစောင့်ရှောက်ခဲ့သည်။

"ငါမှားခဲ့တာဝင်ခံပါတယ် Kris ဒါ ဒါပေမယ့်"

"ဘာဒါပေမယ့်လဲ မင်းကြိုက်တဲ့မိန်းမနဲ့ဖောက်ပြန်လို့ရတယ် ငါစိတ်မဝင်စားဘူး ဘာလို့Seanအိမ်သူနဲ့မှလဲ မင်းမှာမိန်းမရှားနေပြီလား"

Seanဆိုသည်မှာကတော့ရှောင်းကျန့်ရဲ့အမေရိကန်နှင့်တစ်ခြားသောနိုင်ငံကသိပြီးပြည်ပစီးပွားရေးလောကမှာလူသိများသည့်နာမည်ပင်။

"ငါမူးနေလို့ပါကွာ"

သူ၏စီးပွားရေးမိတ်ဖက်Seanရဲ့ အိမ်သူနှင့်ဖောက်ပြန်ခဲ့သောချောင်ရွှယ်ဟန်ကိုသူအလွန်ဒေါသထွက်နေခဲ့သည်။
ချောင်ရွှယ်ဟန်၏companyကဒေဝါလီခံခဲ့ရပေမယ့်သူ၏ဘဝကလမ်းဘေးမရောက်သွား။
သူ့သတင်းကြားသည့်ယောကျာ်းဖြစ်သူကအမေရိကန်ကနေရှန်ဟိုင်းကိုလာကာသူ့ကိုကယ်တင်ရန်ပြုလုပ်သည်။

"မင်းရဲ့companyကဘာလို့အခုလိုဖြစ်တာလဲသိလား ဒါSeanလက်ချက်ကွ သူမင်းကိုမကျေနပ်လို့လုပ်တာ ပြီးတော့Billish မင်းအမှုကြောင့်ငါ့သားBillishဒီထက်ပိုအနှောက်ယှက်ခံရမယ်ဆိုရင်မင်းကိုငါသတ်ပစ်မိတော့မယ် ချောင်ရွှယ်ဟန်"

A Little Boy's  DaddyWhere stories live. Discover now