"ဖွားဖွား Daddyရော"
မနက်မိုးလင်းတော့ Daddyကိုသွားချော့ရန်လုပ်သည့်ရိပေါ်ကအခန်းထဲတွင်သူ့Daddyရှိမနေသောကြောင့် အိမ်အောက်ဆင်းလာကာ ဧည့်ခန်းမှာခြေချိတ်ထိုင်ရင်းTVကြည့်နေသည့်ရှောင်းမားကိုမေးလိုက်လေသည်။
သူ့အမှားလည်းမဟုတ်ပဲချော့ဖို့ပြင်နေတာကိုပဲကြည့်
သူDaddyကိုသိပ်ချစ်တာDaddyမသိဘူးလား"ဝမ်လေးDaddyက သူ့သူငယ်ချင်းနိုင်ငံခြားကပြန်လာမှာမို့လေဆိပ်မှာသွားကြိုတယ်လေ"
"သြော်..ဟုတ် ဖွား"
အိပ်ပေါ်ထပ်ပြန်ပြေးသွားသောကောင်လေးကချစ်စရာအတိ။Daddyပြန်လာရင်ညကစိတ်ဆိုးသွားတာချော့ရမည်။
စိတ်ဆိုးနေသည်ဟုမပြောလဲ ညကသူ့စကားကြောင့်Daddyဒေါသဖြစ်သွားတာသူသိလေသည်။တကယ်ဆိုDaddyကိုအဲ့လိုမပြောလိုက်သင့်ဘူး
Daddyကလည်းDaddyပါ အမြဲစိတ်ဆိုးဖို့နဲ့စိတ်တိုဖို့ပဲသိတယ်
ရှောင်းကျန့်အကြောင်းသာတွေးနေသည့်ရိပေါ်ကတော့သူ့မှာအခွင့်ရေးမရှိတော့သည်ကိုမသိချေ။**********
လေဆိပ်တွင်"ရှောင်းကျန့်!!!"
လူစောင့်နေရင်းသူ့နာမည်အော်ခေါ်သံကြားတော့ရှောင်းကျန့်လှည့်ကြည့်မိလိုက်သည်။
ပြုံးပြုံးကြီးနဲ့လက်ကိုမိုးပေါ်ထောင်ပြနေသည့်သူကလည်းပျော်နေသည့်ပုံ။
ရှောင်းကျန့်ထိုင်နေရာမှထကာထိုသူ့ထံလျှောက်လှမ်းသွားလိုက်လေသည်။"ထင်ထားတာထက်နောက်ကျတယ်နော် စင်သီ ငါနည်းနည်းစောင့်လိုက်ရတယ်"
"ဟုတ်တယ်ရှောင်းကျန့်ရ လေယာဉ်ထွက်ခါနီးခရီးသည်တစ်ယောက်ကလေးပျောက်လို့ရှာနေကြတာနဲ့နည်းနည်းနောက်ကျသွားတယ်"
"ပင်ပန်းနေရောပေါ့ အိမ်ပြန်ရအောင် ကားကဟိုဘက်မှာ"
ကားရှိရာကိုအရှေ့ကနေအရင်လျှောက်သည့်ရှောင်းကျန့်က စင်သီရဲ့ခရီးဆောင်အိတ်ကိုဆွဲသွားရန်လည်းမမေ့။
"ဆရာ ဟိုဟာစင်သီမဟုတ်လား"
ရှောင်းကျန့်ကားပေါ်တတ်သွားသည့်စင်သီကို ရွှယ်ယမ်ရဲ့ပါးဖြစ်သူချောင်ရွှယ်ဟန်၏အတွင်းရေးမှုးမှလက်ညိုးထိုးပြလိုက်လေသည်။