Chapter-7(Unicode)

1.2K 309 19
                                    

Chanyeol တို့ လမ်းမှာ လာနေပြီဟု သတင်းကြားသောအခါ လူတိုင်းက အပြင်သို့ စွန့်စားထွက်ရန် ကြိုတင် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ဂျက်ဆန်တို့အဖွဲ့ကလည်း ပါလာသည့် လက်နက်ငယ် အချို့ကို အသင့်ပြင်၍ မြေအောက် ကားပါကင်သို့ ပြန်တက်ရန် ဆုံးဖြတ်နေကြသည်။

ပရော်ဖက်ဆာနဲ့ အဖွဲ့မှာတော့ ကုတင်ပေါ်က ချိန်းကြိုးများစွာနဲ့ လူဆီကနေ မျိုးရိုးဗီဇ ဆဲလ်တွေ၊ ဆံချည်၊ လက်သည်း၊ တံတွေး၊ သွေးအပြင် ယခင်က စမ်းသပ်ချက် မူကြမ်း များကိုပါ အရယူဖို့ ပြင်ဆင်နေကြသည်။

သူတို့ဆီမှာ ရှိနေသည့် စမ်းသပ်ခံလူသည် သေဒဏ်ကျ သို့မဟုတ် တစ်သက်တစ်ကျွန်း ကျနေသည့် ထောင်သားတွေ အများဆုံး ဖြစ်သည်။ ထိုအထဲကမှ ဒီလူသား ကုတင်နံပါတ် G2389 က အကြာရှည်ဆုံး ခံနိုင်ခဲ့သည့် လူဖြစ်သည်။ ဦးနှောက်က ထိန်းချုပ်နေသ၍ ဘာမှ အစာအဟာရ မဝင်တာတောင် ဒီလူက လှုပ်ရှားနိုင်တုန်း ဒေါသကြီးတုန်း ဖြစ်သည်။ အချိန်ကြာလာ တာနှင့်အမျှ ထိုလူ၏ ဒေါသဖြစ်နှုန်းနှင့် ကြမ်းရမ်းနှုန်းက ပိုမြှင့်လာချေသည်။

ထိုစဉ် ဘယ်လောက်ပဲ ဦးနှောက်ပျက် လူဖြစ်နေပါစေဦး သူ့ကို ထိန်းချုပ်ထားမှုကို မလိုလားစွာ ပြသတက်သည်။ သူ့ကို စောင့်ကြည့်တက်တဲ့ လူကို ရန်လိုပြတက်သလို ဘောလုံးပွဲ ကြည့်နေသည့် ဒေါက်တာဆိုရင်တော့ G2389 က ငြိမ်နေကာ ဘာမှမလုပ်။

ပရော်ဖက်ဆာယွန်းက ထို G2389 ၏ ရာဇဝင်ကို လွန်ခဲ့တဲ့ ၅ရက်ထဲက  လိုက်ခိုင်းထားသည်။ သေချာပေါက်ပင် ထိုလူသည် ဘောလုံးဝါသနာရှင် တစ်ဦးဖြစ်ပြီး ဘောလုံးလောင်းကြေးပွဲ၌ ရှုံးမဲ မဲ၍ လောင်းကြေးနိုင်သွားသော လူလေးဦးနေအိမ်ကို မီးရှို့ မှု ဖြစ်ပွားခဲ့သည့်။ ဤသည်မှ တစ်သက်တစ်ကျွန်း ဖြစ်လာကာ သူ၏ စမ်းသပ်ကုတင်ပေါ်သို့ အထက်လူကလည်း လွယ်လွယ်ကူကူ ချပေးလေသည်။

ဘောလုံးပွဲက သူ့ဦးနှောက်ထဲမှာ ဘယ်လိုမှ ဖျောက်လို့မရသည့် အရင်းခံ ဝါသနာ တစ်ခု ဖြစ်ဟန်တူသည့်အပြင် ဗိုင်းရပ်ကလဲ ဟန့်တားနိုင်ခြင်း မရှိပုံပေါ်သည်။

လူတိုင်းမှာ စွဲလမ်းမှုတစ်ခုမဟုတ် တစ်ခုတော့ ရှိတက်ကြသည်။ ခိုင်မာလွန်းလှသည့် စိတ်ဓာတ်တို့ ရှိနေသည့်တိုင် ဗိုင်းရပ်ကတော့ အလွယ်တစ်ကူ ချိုးဖျတ် ပျက်စီးနိုင်ပြီး မိသားစုဖြစ်စေ၊ သူငယ်ချင်းရင်း ဖြစ်စေ လုံးလုံးမမှတ်မိတော့ ။ ချိုးဖျတ် ဝင်ရောက်လာတဲ့ ဗိုင်းရပ်က မြင်သမျှ သက်ရှိဆဲလ်များအား ရန်လိုဖျတ်ဆီး နိုင်စွမ်းကို ပေးသည်။

Dusk Till Dawn Where stories live. Discover now