Chapter-2 (Zawgyi)

1.5K 310 42
                                    

| 13.April.2025 |

" အခြေအနေ ဘယ်လိုလဲ အိပ်လို့ ကောင်းလား "

" အင်း နှစ်နှစ်ခြိုက်ခြိုက်ပဲ"

ဒီနေ့က Chanyeol ရဲ့ နားရက်မို့ ညထဲက အကြောဆေး သွင်းပေးထားတာ ဖြစ်သည်။ ဓာတုဂျင်စင်းလေးကလည်း အပါအဝင် ဖြစ်သည်။

သံသယများလှတဲ့ Baekhyun တောင် နောက်ဆုံးအဆင့်ဖြစ်တဲ့ ဓာတုဂျင်းစင်းကို ခပ်ပါးပါးလေး ထုတ်ပြီး ခွဲစစ်ကြည့် သေးသည်။ ပရော်ဖက်ဆာကို မယုံတာထက် ဆေးအသစ်ဖြစ်တာကြောင့် Chanyeol တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်တာ ဖြစ်သည်။

ကံကောင်းစွာပဲ ဓာတုဂျင်းစင်းမှာ ပါဝင်သမျှ ပစ္စည်းများသည် သူတို့ ခွဲထုတ် စစ်ကြည့် နေရသည့် ပစ္စည်းစာရင်းတွေနဲ့ အကုန် ကိုက်ညီလေသည်။ အန္တရာယ်ကင်းသည်။ သဘာဝပစ္စည်းတွေလဲ ရောစပ်ထား၍ ပို၍ စစ်မှန်နေသေးသည်။

Chanyeol ရေချိုးပြီးသည်အထိ တစ်ခုခု မူမမှန်တာကို Baekhyun ရိပ်မိလေသည်။ Chanyeol က တစ်ချိန်လုံး သူ့ကို ထားသွားမည် စိုးသည့် အရိပ်ယောင်တွေနဲ့မို့ စာဖတ်နေတဲ့ Baekhyun မှာ ဘယ်လိုမှ စိတ်မပါတော့။

" ဘာက အဆင်မပြေဖြစ်နေလို့လဲ! ဟင် ?"

Chanyeol ဆိုဖာကြီးပေါ်မှာ ရှည်လျားသော ခြေတံတွေကို ခေါက်ကွေးထိုင်နေရင်း ဂနာမငြိမ်။

" ယောလ် ..."

" မင်းရဲ့ ဆေးက  သိပ်တော့မဟုတ်သေးဘူး"

Chanyeol မျက်နှာမှာ ချွေးစတွေနှင့် ခပ်ရဲရဲ။ Baekhyun အလန့်တကြား ထလာပြီး Chanyeol မျက်နှာကို စမ်းတော့သည်။

" ဘယ်နေရာ နေမကောင်းလို့လဲ ဆေးရုံသွားရအောင် "

" ဆေးရုံမသွားချင်ဘူး အိပ်ယာပေါ်ပဲ သွားချင်တယ် "

" အနားယူချင်လို့လား ... နောက်မှ နားလေနော် .. အရင်ဆေးရုံသွားရအောင်။ ဆေးအဆိပ်သင့်တာဆိုရင် ပေါ့လို့မရဘူး ချက်ချင်း သွားရမယ် !!!"

စိတ်လှုပ်ရှားနေသော Baekhyun လက်တွေကို Chanyeol ဆွဲယူ လိုက်ရသည်။ သူ့၏ ရင်ဘတ်တွင်းက ရထားတစ်စင်း အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတာကို ခံစားစေလိုက်သည်။

Dusk Till Dawn Where stories live. Discover now