Chapter-4 (Unicode)

1.3K 312 10
                                    

Code Red မတိုင်မီ သုံးရက်အလို...

" wet tissue,  towels, shampoo..."

Chanyeol ကမှာထားတဲ့ ပစ္စည်းတွေအကုန် ထုတ်ပြရင်း အိတ်ထဲပြန်ထည့်ပေးသည်။ ပထမတစ်ရက်က အဝတ်အစားတွေပဲ တောင်းလိုက်တာမို့ နောက်ရက်တွေမှာ ဖြေရှင်းရမယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် Baekhyun အပိုပစ္စည်း လေးတွေ ထပ််မှာရသည်။

Chanyeol ကလည်း Baekhyun က အသန့်ကြိုက်သည့်အပြင် သူသုံးနေကျ ပစ္စည်းတွေမှ သုံးတက်မှန်းသိ၍ သေချာ ရွေးချယ်ဝယ်ယူပေးထားတာ ဖြစ်သည်။

Chanyeol က သူကြိုးစားပြင်ဆင် ပေးခဲ့တဲ့ ထမင်းဗူးကိုပါ ထုတ်ပြနေသည်။

"ပြီးတော့ အချစ်တွေ အပြည့်နဲ့ ထမင်းဗူး ..."

Baekhyun မပြုံးပဲမနေနိုင်တော့။ သူက ဒီလို sweet words လေးတွေနဲ့ ဘယ်တော့မှ အသားကျမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ အခုတစ်ခါမှာတော့ ကျေနပ်လွန်းမက ကျေနပ်နေခဲ့သည်။

" အတူစားရအောင် .."

" ဒါပေါ့ ... အဲ့တာကြောင့် တူနှစ်ချောင်းနဲ့ ဇွန်းနှစ်ချောင်း အတူထည့်လာပြီးသား "

သူတို့နှစ်ဦး၏ ညစာအချိန်လေး ဖြစ်သည်။ ဘတ်ဟျွန်းမရှိသည့် အချိန်တွေဆို အိမ်မှာ တစ်ယောက်တည်း မနေတက်တဲ့ ပတ်ချန်းယောလ်က အမြဲကင်းလိုက်ပေး တက်သည်။ နဂိုတည်းက အားလပ်ချိန် မရှိအောင် နေခဲ့သူမို့ အိမ်မှာတစ်ယောက်တည်း ဟာတာတာကြီး ကျန်နေရမှာကို ပတ်ချန်းယောလ် အကြောက်ဆုံးဖြစ်သည်။ သူက ဘတ်ဟျွန်းနဲ့ အချိန်ဖြုန်းရင်ဖြုန်း မဟုတ်ရင် အလုပ်လုပ် နေတာက သူ့အတွက် နေလို့အကောင်းဆုံးပင်။

" ညကင်းက ဘယ်ချိန်ထိတောင်လဲ။ နည်းနည်းပါးပါး အိမ်ပြန်အိပ်ဖို့လဲ အချိန်ပေးထာဦးနော် ၊ အရမ်း မပင်ပန်းစေနဲ့"

" မင်းမရှိတဲ့ အိပ်ယာမှာ တစ်ယောက်တည်း လဲလျောင်းရတာ ဘယ်လောက်  ကြောက်ဖို့ကောင်းလဲ သိရဲ့လား "

ပတ်ချန်းယောလ်၏ ရှည်ထွက်လာသော ဘဲနှုတ်သီးကြီးမှာ လူကောင်ကြီးနဲ့မှ မလိုက်။

ဘတ်ဟျွန်းက ချန်းယောလ်၏ ပါးများအား ဆွဲလိမ်ပြီး ဆိုလေ၏။

Dusk Till Dawn Where stories live. Discover now