Chapter-13(Unicode)

845 189 13
                                    

ဘူချွန်းနယ်စပ်ရှိ လမ်းများ၊ တံတားများတွင် စစ်တပ်နှင့် ရဲများက တင်းကြပ်စွာ ဆို့ပိတ်လို့ ထားသည်။

ထိုအတားအဆီးများ၏ အဆုံးတွင် လူအုပ်ကြီးများက အုတ်အုတ်ကျက်ကျက်ဖြင့် အော်ဟစ်ဆူပူနေကြသည်။ ဘူချွန်းတွင် ကျန်ရစ်နေသေးဆဲ ဆွေမျိုးများ၊ မိသားစုဝင်များအတွက် ပူဆွေးသောကရောက်ကြ သူများ ဖြစ်ကြသည်။ ထိုအထဲ Live လွှင့်၍ တင်ဆက်နေသော မီဒီယာများ၊ public attention seeker များက ပွဲဆူအောင် ပိုလုပ်နေကြသည်။

အခြေနေ အရပ်ရပ်ကို တိကျစွာ မဖော်ပြဘဲ အပြီးစီး လက်စတုံးပစ်ဖို့ ကြံရွယ်ပါသော ရည်ရွယ်ချက်ကို ပြည်သူအချို့က သဘောမတူပေ။ မကြာမှီ အချိန်ပိုင်းအတွင်းမှာပင် လေယာဥ်ဖြင့် တစ်မြို့လုံးကို ဗုံးကြဲတော့မည် ဖြစ်ရာ ဘူချွန်းတွင် မိသားစုများ ကျန်ရစ်နေသော ပြည်သူများက လုံးဝ လက်မခံကြပေ။

သို့ရာတွင် မြို့ကြီးများမှ လူအချို့မှာတော့  ကြောက်လန့်တကြားဖြင့် အခြားနိုင်ငံများသို့ ပြေးထွက်သွားကြတော့သည်။ နိုင်ငံတကာ လေဆိပ်များတွင်လည်း လူများ ကြက်ပျံမကျစည်ကားလျက် ရှိနေသည်။

သုံးရက်တာအတွင်း တောင်ကိုရီးယား တစ်မြို့လုံးကို ပွတ်လောရိုက်သွားစေခဲ့သလို နိုင်ငံတစ်ကာတွင်လည်း လုံခြုံရေးစည်းကမ်းများ တင်းကြပ်လာခဲ့သည်။

လျှို့ဝှက်ထိပ်သီး အစည်းအဝေးပွဲတွင်လည်း အဖွဲ့ပေါင်းများစွာ သဘောထား ကွဲလွဲနေလျက်ရှိသည်။ အမေရိကန်အပါဝင် အခြားနိုင်ငံများကမူ နောက်ထပ် မပျံ့ပွားလာခင် အပြီးတိုင် ထိန်းချုပ်ခြင်းကို အားပေးသည်။ သူတို့က အလျင်မြန် လက်စတုံး ပွဲသိမ်းပေးရန်ကိုသာ တိုက်တွန်းနေတက်သည်။

သို့ရာတွင် ပြည်တွင်း အမတ်များ၊ ဝန်ကြီးများကမူ အသက်ရှင်နိုင်ချေရှိသော အခြားလူများ၊ သင်္ဘောပေါ်သို့ လိုက်ပါရန် မမှီလိုက်သူများအတွက် အသက်ကယ်ပေါက် ရှိနေစေ ချင်ကြသေးသည်။ သူတို့အတွက်တော့ ဗုံးကြဲခြင်းကို လက်ခံရန် တုံ့ဆိုင်းနေကြသည်။

ကာကွယ်ရေးဝန်ကြီးသည် ဆေးကြမ်းလိတ်ကို ခဲလျက်ဖြင့် သမ္မတနှင့် အတွင်းဝန်များ ရုံးကို စူးစိုက်ကြည့်လျက်ရှိနေသည်။ သူ၏ နံဘေးတွင် ဘူချွန်းထိ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးမင်ဂျွန်ဟျော့ ရှိနေခဲ့သည်။

Dusk Till Dawn Where stories live. Discover now