Chapter-15(Zawgyi)

443 40 1
                                    

အများစုမှာတော့ ဇွန်ဘီးကပ်ရောဂါဆို သည်နှင့် တုန်လှုပ်စွာနှင့် ရှင်သန်နေကြရသည်။ အမိမြေကို စွန့်ခွာထွက်ပြေးသူနှင့် မပြေးနိုင်သူများမှာ နီးရာဆိုင်များမှ Panic buying ဖြစ်ပွားမှုများ အထပ်ထပ်အခါခါ ကြုံနေရကြသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော ကပ်ရောဂါက မကြာမီအချိန်တွင်း ကာကွယ်ဆေး ပေါ်လာခဲ့သေး၏။ ကူးစက်နိုင်ခြေ ရှိလျှင်ပင် အပြင်ထွက် သွားလာလို့ အလုပ်လုပ်နိုင် သေးသည်။ ယခုတွင် လူတိုင်းက နေအိမ်ကို ခိုင်ခံ့အောင် ပြင်ဆင်ကြသည်။ အစာရေစာနှင့် အရေးပေါ် လျှပ်စစ်ဓာတ်အား အတွက်လည်း ဓာတ်ဆီ၊ လောင်စာဆီများ အလုအယက် ဝယ်နေကြသည်။

လူတိုင်းကကြုံလာရမည့် အခက်အခဲကို ကြိုတင် ရင်ဆိုင်ဖို့ စီစဉ်ထားနှင့်ကြသည်။ တစ်ချို့သော လူတွေမှာလည်း ယခုထိ အမြစ်ပြတ်အောင် မစွမ်းဆောင်နိုင်သော အာဏာပိုင်များအား ဆန့်ကျင် ဆန္ဒပြမူများနှင့် နိုင်ငံတစ်ဝန်းသည် အဓိကရုဏ်း ကဲ့သို့ ဖြစ်နေလေသည်။

နိုင်ငံတစ်ကာလေဆိပ်သည်လည်း လှုပ်ခတ်မှုအများဆုံးနှင့်  တစ်နေ့တာလုံး အလုပ်အများဆုံး နေရာလည်းဖြစ်သည်။ အပျော်စီးသင်္ဘောဖြင့် ခရီးလွန်နေသော စုံတွဲမှာ သတင်းကြားကြားချင်း လမ်းတစ်ဝက်မှ လှည့်ပြန်လာခဲ့ရခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့မှာ နိုင်ငံမြေထဲ ခြေချဖို့တင် ပိတ်ပင် ခံနေရပြီး အရပ်ဘက် အဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်းနှင့် ယူနီဖောင်းဝတ် အစိုးရအဖွဲ့အစည်းများ၏ အထပ်ထပ် တင်းကြပ်မူများ ကြောင့် ထင်သလောက် ခရီးမပေါက်ပေ။

နာရီပေါင်းများစွာ လေဆိပ်တွင် အစစ်ခံရပြီးချိန်တွင် စုံတွဲမှာ ဆင်းကဒ်ပြန်ချိန်းပြီး ဖုန်းခေါ်ခွင့်ရလာသည်။

ည ၁၁ နာရီ။

ချန်းယောလ် အိပ်မောကျနေချိန်တွင် အိမ်အောက်ထပ်မှ ဖုန်းသံမြည်လာသည်။

အိမ်ရှိ ဟောင်းနွမ်းသော ဖုန်းခွက်လေးသည် ယခုထိတိုင် ဆက်သွယ်လို့ ရနေသေးသည်ကို ချန်းယောလ် အံသြမိသွားသည်။ ချန်းယောလ် ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ လူသည် အလောတကြီးဆိုလာတော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 10, 2022 ⏰

Add this story to your Library to get notified about new parts!

Dusk Till Dawn Where stories live. Discover now