Chapter-3 (Unicode)

1.9K 409 11
                                    

Code Red မတိုင်ခင် လေးရက်အလို ။

ဓာတ်ခွဲခန်းအတွင်း Baekhyun တစ်ယောက် တည်းသာ ငြိမ်၍ ရှိနေလေသည်။ တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေသောသူက အလှည့် ပြောင်းသွားပုံရသည်။ ထိုသူထက် ရာထူးကြီးပုံရသော လူတစ်ဦးက ဝင်လာခဲ့သည်။ ထိုသူသည် မျက်နှာသိ လူတစ်ဦး။

ပြုံးရွှင်နေသော မျက်နှာနှင့် Baekhyun စားပွဲအရှေ့တွင်ဝင်ထိုင်လေသည်။

" ဂုဏ်ယူပါတယ်... ကမ္ဘာကပ်ဆိုးရောဂါ အဖွဲ့ကနေ ထွက်မရအောင် ဖြစ်သွားတဲ့ အတွက် ...!"

" ကမ္ဘာ့ ကပ်ဆိုး ..."

ထိုလူက လက်ပိုက်လိုက်ရင်း ခပ်ထေ့ထေ့ ရယ်သံနှင့် ဆိုသည်။

" စိတ်မပူပါနဲ့ ။ အားလုံး ထိန်းချုပ်မူ အပြည့် ရှိပြီးသားပါ "

ထိူသူသည် Jackson အမည်ရ ကိုရီးယား အထူးတပ်ဖွဲ့က အရာရှိဖြစ်သည်။ (Not Jackson Wang) သူ၏ အမည်ရင်းကို ပရော်ဖက်ဆာပင် မသိ။ ထိုသူသည် Baekhyun ကျောင်းမဆင်းခင်တည်းက ပရော်ဖက်ဆာနှင့် တွဲ၍ တွေ့ရတက်သော လူတစ်ဦး ဖြစ်သည်။ အထူးတပ်ဖွဲ့ က ဆိုတာကိုပင် မနေ့ကမှ Baekhyun သိရတာ ဖြစ်သည်။

တစ်နည်းအားဖြင့် Jackson နဲ့ သူ့အဖွဲ့သည် ပရော်ဖက်၏ တွန်းအား၊ ဖိအားအပြင် ကာကွယ်ရေးလည်း ဖြစ်သည်။ လျှို့ဝှက် စမ်းသပ်ချက်ကြီးကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သိရှိမိသူတိုင်းသည် မည်သူမျှ မသိလိုက်ရပါပဲ လောကကြီးက ထွက်သွား ရပြီးပြီ ။

Baekhyun သည် ပရော်ဖက်ဆာ၏ ကျောင်းသားဖြစ်သည့်အပြင်၊ သမီးဖြစ်သူ၏ ကျောက်ကပ်အလှူရှင်မို့ ပရော်ဖက်ဆာ ကိုယ်တိုင် အာမခံကာ လွှတ်ပေးခဲ့တာ ဖြစ်သည်။ ထိူ့အတွက်နှင့် သူသည် တစ်ပတ်တာကို ပရော်ဖက်ဆာ အဖွဲ့နှင့် ရေငုံနုတ်ပိတ်နေရမည် ဖြစ်သည်။

ထိူသူသည် Baekhyun ကို သေချာကြည့်ပြီး ကျေနပ်သလို ပြုံးနေလေသည်။

Baekhyun က ထိုသူ၏ အကြည့်ကို လျစ်လျူရှုပြီး မေးမြန်းလာသည်။

" ဆိုက်ဘေးရီးယားကို ပရော်ဖက်ဆာနဲ့ လိုက်သွားရလား "

Jackson က မျက်ခုံးပင့်ပြလျက် မှန်ကန်ကြောင်း ပြောနေသလို ။

" အဲ့ဒီ့ထဲက စမ်းသပ်မူ စခဲ့တာလား "

Dusk Till Dawn Where stories live. Discover now