Chapter-14(ZawGyi)

347 44 2
                                    

ရဟတ်ယာဉ်၏ ပန်ကာသံမှ အသံကျယ်သည် အဝေးပြေးလမ်းမတစ်လျောက်ရှိ ဇွန်ဘီးကောင်များကို ဖိတ်ခေါ်နေသလို ဖြစ်နေသည်။

အဆောက်ဦးထဲမှ မှန်ပြတင်းများကို တိုးဝှေ့ ရုန်းထွက်ကာဖြင့် ရဟတ်ယာဉ်ပေါ် အပြေးတက်ချင်နေသည့် အုပ်စုများနှင့်လည်း ရင်ဆိုင်နေရသည်။ ဇွန်ဘီးအုပ်စုများ ပို၍ ပို၍ စုဝေးလာကာမှ မီးမှုတ်လောင်ချာများဖြင့် ပစ်ထုတ်လိုက်တော့သည်။ ထိုအခါ လမ်းမတစ်လျောက်မှာ မီးပင်လယ်နှင့် တူသွားတော့၏။

ထိုမီးပင်လယ်ထဲ စစ်သုံးတင့်ကားတစ်စီး ဖြတ်သန်းလာသည်ကို တွေ့ရသည်။တင့်ကားပုံစံ ဂျစ်ကားတစ်စီးသာ ဖြစ်သော်ငြား အမြှောက်လက်နက် မပါဝင်သည်က လွဲ၍ အလုံးစုံမှာ တင့်ကားပုံစံအတိုင်းသာ။  မီးလောင်နေသော အစုအရုံးသည် ချက်ချင်းဆိုသလို တင့်ဗန်ကားပေါ် ပြေးခုန်အုပ်ကြသည်။ အလုံပိတ်ထားသော တင့်ကားပေမို့ အကြမ်းခံနိုင်သည်က အမြင့်ဆုံးဖြစ်၏။

" Fuck !! မြို့လယ်ခေါင်ကနေ ဘာလို့ ဒီ့လို တင့် ရှိနေရတာလဲ ... စစ်တပ်ကတောင် ဒီထိ မဝင်နိုင်သေးဘူးလေ !!

" ပြောတော့ ဒီကောင် သင်္ဘောပေါ်ကနေ လက်ချည်း ထွက်ပြေးလာတာဆို .... ဒီ တင့်က ဘယ်ကရလာတာလဲ။  သာမာန်တော့ မဖြစ်နိုင်တော့ဘူး"

နောက်တစ်ယောက်ကလည်း တွေးဆဆဖြင့် ဆိုလာသည်။ " အထက်က သူ့ကို စောင့်ရှောက်ဖို့ ခိုင်းထားကတည်းက သာမာန် မဟုတ်တော့တာ သေချာတယ် "

ရဟတ်ယာဉ် ပေါ်မှ လူတစ်စုမှာ ပိုလို့ စိတ်ဝင်တစားရှိလာသည်။ လုံခြုံရေးခေါင်းဆောင်မှာ အပြေးနှင်နေသော တင့်ကားကိုသာ စူးစိုက်ကြည့်နေခဲ့၏။

အလုံပိတ်ထားသော ကားဖြစ်သည်မို့ မည်သည့် အတားဆီးဖြစ်ဖြစ် ဝင်ကြုံးသွား နိုင်သည်။ လမ်းမပေါ်မှ အသားတုံးများ၊ အစိုင်ခဲများကိုလည်း နင်းချသွားရုံသာရှိတော့သည်။ အပေါ်ရှိ ရဟတ်ယာဉ်မှာ မီးမှုတ်၍ တစ်မျိုး၊ ပဒေသာမိုင်းများ တစ်မျိုး အုပ်စုလိုက်ကြီးကို ရှင်းပစ်နေရသည်။

အဝေးပြေးလမ်းမကြီးမှ တစ်ဆင့် လူရှုပ်သော မြို့တွင်းအထိ လမ်းမကြီးတစ်လျှောက်သည် မီးများလောင်ကျွမ်းနေပေ၏။ တစ်ချို့နေရာများတွင် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး တစ်ချို့နေရာတွင်တော့ မီးများ ယခုထိတိုင် လာနေသေးဆဲ။ အစိုးရများက မြို့ပျက်ကြီးအဖြစ် စာရင်းသွင်းရန် စောင့်ဆိုင်း နေတာမို့ မကြာမီအချိန်တွင်း မီး၊ရေ၊ ဂတ်စ် လိုင်းများလည်း ရပ်ဆိုင်းသွားနိုင်သည်။

Dusk Till Dawn Opowieści tętniące życiem. Odkryj je teraz