Chapter-5 (Unicode)

1.3K 307 8
                                    


စမ်းသပ်ခန်း၏ ထောင့်စွန်းတွင် Baekhyun တစ်ယောက်တည်း ငြိမ်ကုပ်စွာ ထိုင်၍ သူ့လက်တွေကတော့ headphone တစ်ခုကို ဖြုတ်နေတာ ဖြစ်သည်။ နားကြပ်အဝိုင်းမှ စက်ပစ္စည်း မှန်သမျှနဲ့ ဝိုင်ယာကြိုးတွေကို ဖျတ်ထုတ်သည်။ ပြီးနောက် လွတ်သွားတဲ့ နေရာမှာ ပိုင်းဖြတ်ထားတဲ့ သံလိုက် သတ္တုတုံး တွေ စီပြီးထည့်သည်။

သံလိုက်တွေ တစ်ခုနဲ့တစ်ခု ကပ်လျက်သား ရှိနေကြပြီး နားကြပ်အဝိုင်းတွေကိုပြန်လည် ပိတ်လိုက်သည်။ ထိုအခါ နားကြပ်သည် သံလိုက်နားကြပ် ဖြစ်သွားသည်။ ရသွားသည့် အခါ ဘတ်ဟျွန်းက စမ်းသပ်ကုတင် အ‌ေပါ်က လူးလွန့်နေသော လူရှိရာဆီ တိုးကပ် လာသည်။ ထိုလူ အနား တိုးကပ်သွားဖို့ထိ တော့ သတ္တိမရှိလှသေး။

စောင့်ကြည့်နေသော ဂျက်ဆန်က သူ့အနား ရောက်လာခဲ့လေ၏။

" ဘာလုပ်ချင်လို့လဲ ..."

ဘတ်ဟျွန်းက ပရော်ဖက်ဆာထံ အရင် လှမ်းကြည့်သည်။ ပရော်ဖက်ဆာက သူ လုပ်နေတာကို မြင်သည့်အပြင် လူနာ အနားထိ တိုးကပ်သွားတာ မြင်တာတောင် မဆူ။ လုပ်စရာရှိတာ လုပ်နေသည်။

ဂျက်ဆန်ထံ နားကြပ်ကို ကမ်းပေးရင်း ဆိုသည်။

" ဒီနားကြပ်ကို လူနာဆီ တပ်ပေးပါ "

" တစ်ကယ် အလုပ်လုပ်မယ် ထင်လို့လား"

ဂျက်ဆန်က ရိသဲ့သဲ့ အပြုံးနှင့် စမ်းသပ်လူနာ အနား တိုးကပ်သွားသည်။

ဘတ်ဟျွန်းကတော့ ခပ်ဝေးဝေးကနေသာ ကြည့်နေသည်။ ဂျက်ဆန်က နားကြပ် ကိုင်းကို ဆွဲကိုင်လိုက်ရင်း လူနာ၏ ခေါင်းကနေ တပ်ဆင်ပေးကာ နားကြပ် အဝိုင်းတွေကို နားမှာ ထိကပ်ပေးလိုက်သည်။

နားမှတစ်ဆင့် ဦးနှောက်အတွင်းသို့ ဗိုင်းရပ်များနှင့် လျှပ်စစ်သံလိုက်လှိုင်းများ ရှုပ်ယှက်ခက်မူသည် တစ်ဖြေးဖြေး တည်ငြိမ် သွားသလို လူနာမှာလည်း တစ်ဖြေးဖြေး ငြိမ်လာသည်။

ဤသို့ဖြင့် ဦးနှောက်တွင်း လျှပ်စစ်သံလိုက် လှိုင်းများ၊ ဗိုင်းရပ်ပိုးများ၏ နှောက်ယှက်မူက သိသိသာသာ လျော့ကျသွားသလို ကာလကြာရှည် ဝေဒနာ ခံစားနေရသော မချိမဆန့်လူမှာလည်း သက်သာသွားရသလိုနှယ်။

Dusk Till Dawn Where stories live. Discover now