" Baekhyun ... ဘာလို့ အဲ့ဒီ့မှာ ထိုင်နေတာလဲ.. ကိုယ့်ဆီ လာခဲ့လေ "
ချန်းယောလ်က သူ့ကို ကျောပေးကာ တစ်ယောက်တည်း ငြိမ်တိတ်စွာ ထိုင်နေသူကို လှမ်းခေါ်မိသည်။ ဘတ်ဟျွန်းက လုံးဝ လှည့်မကြည့်ပေ။ သူက တာဝန်တွေနဲ့ သေချာမတွေ့နိုင်တာကို စိတ်ဆိုးသွားတာလားဟု စိတ်ပူသွားသည်။
ပို၍ စိတ်ပူစရာ ကောင်းတာက သူ ဘတ်ဟျွန်းအနားကို ဘယ်လိုမှ မရောက်နိုင်သေးဘူး ။ မျက်စိရှေ့နား လေးတင်မှာကို မောပန်းစွာနဲ့ ပြေးနေရပြီး ဘယ်တော့မှ မရောက်နိုင်ဘူး ။
" ဘတ်ဟျွန်းနီး..."
" ဘတ်ဟျွန်းနီး ကိုယ့်ကို လှည့်ကြည့်ပါဦး"
" ဘတ်ဟျွန်းနီး !"
ဘယ်တော့မှ လှည့်မကြည့်လာသည့် ကျောပြင်လေးသည် ဝေဝါးသွား၏။
နိုးတစ်ဝက် မနိုးတစ်ဝက်နဲ့ ဖြစ်စဉ်မှာ ကျယ်လောင်နေသော ဖုန်းသံကြောင့် အိပ်ရာက လူးလဲကာ ထမိသည်။
ည ၁၀ နာရီသာ ရှိသေးပေမဲ့ သူကတော့ နှစ်ခြိုက်စွာ အိပ်ပျော်သွားကာ အိမ်မက် တွေပင် မက်နေမိသည်။ သေချာ သတိထား မိသည်က ဘတ်ဟျွန်း သူ့ကို ဆေးသွင်း ပြီးတည်းက အိပ်လို့ကောင်း၊ စားလို့ ကောင်း၍ ကိုယ်ခံအားတွေ မြင့်တက်လာ ခဲ့တာ ဖြစ်သည်။
အရာရှိနမ်၏ ဖုန်း call နဲ့အတူ သူ အိမ်အပြင်ကို ထွက်မိသည်။
Downtown code red တဲ့။
တစ်ကယ်တော့ သူဟာ တစ်မြို့လုံး ပွတ်လောရိုက်နေချန် ၊ ဆန္ဒပြ လူအုပ်ကြီးက အရိုင်းဆန်လာကာ တစ်ဦးကို တစ်ဦး ကိုက်ဖဲ့နေချိန် ၊ အခြေအနေတွေ ထိန်းမနိုင်အောင် ဖြစ်တဲ့အချိန်မှာ နှစ်ခြိုက်စွာ နှင့် အိပ်ပျော်နေခဲ့တာ ဖြစ်သည်။
ချန်းယောလ်ဟာ အိမ်နီးချင်း လူကြီး၏ တိုက်ခိုက်ခြင်း ခံရပြီးနောက် အခြေအနေကို အနည်းငယ် သဘောပေါက်လို့ လာသည်။ စခန်းရှိရာသည် မြို့လည်ကောင်ပေမို့ သူသွားခဲ့ရာလမ်းသည် အနိဌာရုံအပြည့်။ နီယွန်မီးတွေအောက်မှာ ရဲရဲနီနေတဲ့ သွေးတွေနဲ့ ခြောက်ခြားစရာပေ။
မြို့နယ် ပင်မရဲစခန်းကို ရောက်တဲ့အချိန်တွင် ကံကောင်းစွာဖြင့် သံချွန်စည်းရိုးတံတိုင်းကြီး ကို အရံအကာအဖြစ် ထားထားသည်ကို တွေ့ရသည်။ သူ့ကားက ရဲစခန်းဝန်းသို့ ဝင်နိုင်ရန် တပ်သားနှစ်ယောက်က အပြေးအလွှားနှင့် တံခါးလာဖွင့်ပေးသည်။
YOU ARE READING
Dusk Till Dawn
FanfictionYou'll never be alone, I'll be with you from dusk till dawn.