Chapter-11(Zawgyi)

434 48 2
                                    

[Clicker 25+ ပြည့်သွားတဲ့အတွက် cheer🤩]

Chanyeol အားတင်းကာ ထရပ်လိုက်သည်။ သူရဲ့ နာကျင်မူတွေက ဘတ်ဟျွန်း ခံစားရတာထက်စာလျှင် ဘာမှ မပြောပသေးဘူး။

ပရော်ဖက်ဆာထံ ဖုန်းခေါ်လိုက်သောအခါ တစ်ဖက်လူသည် လမ်းသွားနေရင်းက ပြန်ဖြေဆိုလာသည်။

" ဘတ်ဟျွန်း အခြေနေ ဘယ်လိုရှိလဲ??"

" ကြောက်လန့်နေတယ် ။ သွေးကြောနီတွေ မျက်လုံးကနေ မေးအောက်ပိုင်းထိ ဆင်းနေတယ် ။ ကျန်တာ ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့သေးဘူး "

" ၂၄ နာရီကျော်သွားတာတောင် ဒီလောက်ပဲ ပြောင်းတာက ထူးခြားမူရှိတယ်။ Yellow effective က နောက်ကျပေမဲ့ ဘယ်လို သက်ရောက်မလဲ မပြောတက်သေးဘူး"

ပရော်ဖက်ဆာက တစ်ခဏနားပြီး ဆက်ပြောသည်။

" သူ့ဒဏ်ရာက ခါးနားမှာ ..တစ်ချက် ကြည့်ကြည့်ပေး။ ဒဏ်ရာဘေးက အသားစတွေ အခြေနေ ဘယ်လိုရှိလဲ "

ချန်းယောလ် အနားကပ်လာတာ မြင်သည်နှင့် ဘတ်ဟျွန်းသည် ကြောက်ရွံ့စွာနဲ့ တစ်ဖက်သို့ ကပ်လို့သွားသည်။ ဘတ်ဟျွန်းက သူ့ကြောင့်နဲ့ ချန်းယောလ်ကို ထိခိုက်မိမည်ကို ကြောက်နေတာမှန်း ချန်းယောလ် သိနေသည်။

" ဘာမှမဖြစ်ပါဘူး ... ကိုယ့်ကို ခဏလောက်ပဲ ကြည့်ခွင့်ပေး ။ ကိုယ့်ကို မထိခိုက်စေပါဘူး"

" အရူးကောင် ..!!"

နာကြည်းစွာသော အသံငယ်သည် မည်မျှ ဒေါသ ထွက်နေမည်ကို ချန်းယောလ် နားလည်သည်။ ကျန်ရစ်ခံခဲ့ပြီး ဘေးလွတ်ရာမှာ နေစေချင်ခဲ့သည့်သူက သူ့ဆီကို တစ်ကူးတစ်က ပြန်လာသေးသည်တဲ့။ ဘတ်ဟျွန်းမှ ဒေါသမထွက်ရင် ဘယ်သူ ဒေါသထွက်ပါ ဦးပါ့မလဲ။

ချန်းယောလ် အလိုက်သင့် ပြန်ပြောလာသည်။

" ဟုတ်တယ် ... ကိုယ်က တစ်ကယ် ရူးနေတာ။ အထူးသဖြင့် ဘတ်ဟျွန်းနီးနဲ့ ပတ်သတ်ရင်လေ ... ဘာမှကို မစဉ်းစားတက်တော့ဘူး"

ဘတ်ဟျွန်း မျက်လုံးတွေကို ကြိတ်ပြီး မှိတ်လိုက်မိသည်။ အက်ကွဲနေသော အသံအိုးနှင့်အတူ ဒေါသ အသံရောသော စကားတို့ဖြင့် ဆိုမိသည်။

Dusk Till Dawn Where stories live. Discover now