Chapter-9(Unicode)

1.7K 347 39
                                    

သီးသန့်အနားယူခန်းများ ဖြစ်သည့်တိုင် အရေးပေါ် ကပ်ဘေးကာလမို့ သီးသန့် နေရာတွင် အရေးပေါ်ဖြတ်လမ်းများ ပြုလုပ်ထား၍ ဖြတ်သွားဖြတ်လာ တာဝန်ရှိသူများနှင့် အပြည့်ဖြစ်သည်။ များသောအားဖြင့် ရေတပ်စစ်သည်တွေနှင့် အင်အားဖြည့် ခြေလျင်စစ်သားတွေ ဖြစ်နေသည်။

၁၅ မိနစ်တိုင်းမှာ ကုန်းပတ်ပေါ်မှ စစ်သည်များနှင့် အရန်စစ်သည်များက ခြေချင်းလိမ်နေအောင် နေရာ ပြောင်းနေရသည်။

ပရော်ဖက်ဆာယွန်းသည် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေမိလျက် ဘာကိုမှ မခံစားရတော့သလို ဖြစ်နေသည်။ ဖြစ်စဉ်အစမှ သူကိုယ်တိုင် ဒီပြဿနာကို အစပြုမိသည့် ကိစ္စတိုင်းလိုလို ခေါင်းထဲ ပြည့်ကျပ်စွာ ရောက်လာသည်။ နောင်တ တရားသည် သူ၏ သားလို တပည့်လို အရေးပါသည့် လူတစ်ဦးကို ဆုံးရှုံးရချိန်တွင် ခါးသက်စွာဖြင့် ဝင်လာသည်။

ခါးစောင်းထက်မှ ပြတ်ရှရာကို သူကိုယ်တိုင် မြင်ခဲ့ရသည်။ အခြေအနေအရ ပတ်ချန်းယောလ်ကို တွန်းထုတ်ချိန်တွင် ဘတ်ဟျွန်းက သူ့နောက်နားရှိ G2389၏ လက်သည်းကုတ်ရာကို ခံခဲ့ရတာဖြစ်မည်။ ထိုအချိန်က သူတို့အားလုံး ဘတ်ဟျွန်း လုံခြုံခဲ့သည်ဟု ထင်ခဲ့ကြသည်။

ဘတ်ဟျွန်း ကိုယ်တိုင်လည်း ပိရိခဲ့သည်။

ဒဏ်ရာကို အင်္ကျီတွေနဲ့ သေချာဖုံးကာ တွေ့ရာဂျူတီကုတ်တစ်ခုဖြင့်ပါ ဝတ်ဆင်၍ ဖုံးအုပ်ခဲ့သည်။ ဘယ်သူမှ သတိမထားမိအောင် ဆေးတွေယူရင်း ၊ ဆေးထိုးအပ်တွေပါ စုဆောင်းခဲ့သည်။

ပြီးတော့ ထိုကောင်လေးဟာ သူ၏ အမျိုးသားအတွက်ပဲ ကြောက်ရွံ့ တုန်လှုပ်နေ၍ တောင်းပန်ခဲ့သည်။ ထိုကောင်လေးဟာ သူသေမှာကို နည်းနည်းလေးမှ ကြောက်မနေခဲ့ဘူး။ ထိုကောင်လေးဟာ မကောင်းဆိုးဝါး အသွင်ပြောင်းသွားရခြင်းအတွက် တွေးပူမနေခဲ့ပေမဲ့ ပတ်ချန်းယောလ် မြင်သိသွားမှာတော့ သေမလောက် ကြောက်ပုံရသည်။

သူ့မြင်ကွင်းထဲကနေ ဓာတ်လှေကါးထဲ တစ်ယောက်တည်း ဝင်သွားတဲ့ ပုံရိပ်လေးက လုံးဝ မပျောက်သွားသေးဘူး၊ သူကိုယ်တိုင်လည်း စိတ်မထိန်းချုပ်နိုင်ပဲ အားအပြင်းဆုံး Yellow ဆေးတွေ ယူပြီး အေးဆေးနားတော့မဲ့ ကလေးကို သတိမေ့လဲသည်အထိ သွင်းပေးခဲ့မိသည်။

Dusk Till Dawn Where stories live. Discover now