Chapter-8(Zawgyi)

881 177 21
                                    

Chanyeol သည် မူမမှန်သော လူတစ်ဦးကို သတိပြုမိသွားသည်။ ထိုလူသည် အဖျားတက်နေသည့်နှယ် တစ်ကိုယ်လုံး တုန်ယင်နေသည်။

Chanyeol ကချက်ချင်းထရပ်ပြီး Baekhyun ကို သူ့နောက်ပို့လိုက်သည်။ ကျောနောက်က ချိတ်ဆွဲထားတဲ့ ရိုင်ဖယ်ကိုပါ ဖြုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ် ပစ်လဲကျ နေတဲ့ လူကို ချိန်ထားလိုက်သည်။

" Chanyeol ဘာလို့လဲ ။ သူတစ်ခုခု နေမကောင်းဖြစ်လို့လား "

Baekhyun က ထွက်ကြည့်ဖို့ လုပ်ပေမဲ့ Chanyeol က တားထားသည်။ Baekhyun က G2389 ကိုမြင်ပြီး ထိန်းချုပ်ခံလူတစ်ဦး ဖြစ်တာကြောင့် ဒီလူတွေ ဘယ်လို ပြောင်းလဲ သလဲဆိုတာကို မမြင်ဖူးဘူး။

" ကိုယ်ထင်တာမမှားဘူးဆိုရင် သူလည်း ပြောင်းတော့မယ် "

" ဟမ် .."

" ဒီကောင်လဲ ဖုတ်ကောင် အဖြစ်ပြောင်းတော့မယ် "

ကြမ်းပြင်ပေါ်က ထိုလူမှာ လူးလွန့်နေလျက် မျက်ဆံအမဲရောင်မှာ ကွက်ပျောက်နေပြီ ။

Chanyeol က အပြင်ထွက်ဖို့ရာတွင် အပေါက်ဝနားက ထိုလူက ခံထားသဖြင့် ထိုလူကိုပါ သတ်ဖို့လိုကြောင်း စဉ်းစားနေသည်။ ထို့အပြင် ဂျက်ဆန် အဖွဲ့က လူဖြစ်နေသဖြင့် သူ့ဘက်က ခပ်မြန်မြန် ဖြေရှင်းလို့ မရနေသေးဘူး။

Chanyeol က သူ့ကိုယ်လုံးနဲ့ Baekhyun ကို အပြည့်အဝကာထားပြီး ထိုလူ၏ ခြေထောက်တွေကို နှစ်ချက်မျှ အရင် ပစ်လိုက်သည်။ သေနတ်သံကြားရ ရင်တော့ဖြင့် ဂျက်ဆန်တို့ ဆွေးနွေးနေရာက ထွက်လာလောက်သည်။

သူထင်ခဲ့သည့်အတိုင်းပဲ ဂျက်ဆန်နဲ့ သူ့အဖွဲ့က သေနတ်တွေဆွဲပြီး အခန်းရှေ့ ရောက်လာကြ သည်။ သူတို့ ဘာမှမမေးရသေးခင် တံခါးပေါက်ဝရှိ လူတစ်ဦးကြောင့် လန့်ဖြန့်ရင်း အနောက်ဆုတ်သွားတော့သည်။

ဂျက်ဆန်က ဘာမှမေးမေနေတော့ပဲ သူ့အဖွဲ့ကလူ၏ ခေါင်းတည့်တည့်သို့ ကျည်ကုန်သည်အထိ မရပ်မနား ပစ်ထည့် လိုက်တော့သည်။ ခေါင်းက အသားစတွေ ဖွာလန်ကြဲထွက်လာသည့်အခါမှ ထိုလူသည် လူးလွန့်နေရာက ရပ်တန့်သွားတော့သည်။

ဂျက်ဆန်က လည်သာ လက်အိတ်ကို စွပ်လိုက်ပြီး ထိုလူကို ခြေဖြင့် ကန်မှောက်လိုက်သည်။ ကျန်သည့် အဖွဲ့သားများက ဂျက်ဆန်ကိုတော့ ဘာမှမပြောရဲပဲ ရပ်ကြည့်နေကြသည်။

Dusk Till Dawn Unde poveștirile trăiesc. Descoperă acum