9. ဘုရားရေ ! ပိုင်လင်းရန်က ... အထက်ကတဲ့ / ဘုရားရေ ! ပိုင်လင်းရန်က ... အထက်ကတဲ့

7.3K 1.3K 100
                                    

Zawgyi

9. ဘုရားရေ ! ပိုင်လင်းရန်က ... အထက်ကတဲ့

အတန်းချိန်စဖို့ ငါးမိနစ်အလိုမှာပဲ ထျန်းလုဖန်းစာသင်ခန်းထဲသို့ဝင်ရောက်လာခဲ့တယ် ။ သူ့ရဲ့ရှည်လျားဖြောင့်တန်းတဲ့ခြေတံရှည်တွေက သူ့ရဲ့စာရေးစားပွဲခုံထက်မှာရှိနေတဲ့ မုန့်ဘူးနဲ့ သစ်သီးဖျော်ရည်ဘူးတို့ကိုမြင်လိုက်ရတဲ့အချိန်မှာအနည်းငယ်တုံ့ဆိုင်းသွားကာ အချိန်တိုင်းအေးစက်စက်အနေအထားနဲ့တည်ရှိနေတဲ့ မျက်နှာပေါ်မှာလဲ အံ့သြတွေဝေမှုအရိပ်အယောင်တွေဖြတ်ပြေးသွားတယ်။
သူ့ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့် ကျောင်းသူလေးများထံမှအခုလိုပိုးကြေးပန်းကြေးအဖြစ်ရရှိတတ်တဲ့မုန့်တွေ ၊ လက်ဆောင်ပစ္စည်းတွေက ကောလဟာလထွက်ပြီးတဲ့နောက်ပိုင်းမှာ ရပ်တန့်သွားခဲ့ပြီမဟုတ်ဘူးလား ။ ဒါမှမဟုတ် သူ့အကြောင်းမသိသေးတဲ့ ကျောင်းသူအသစ်တစ်ယောက်ယောက်ကများ အခုလိုလာထားပေးတာများလား ။

ထျန်းလုဖန်းဟာ သူ့ရဲ့လွယ်အိတ်ကိုလွတ်နေတဲ့နေရာမှာတင်လိုက်ပြီး မုန့်ဘူးကိုခုံအောက်ထဲထိုးထည့်ဖို့လက်ရွယ်လိုက်တယ် ။ ဒါပေမယ့် သူ့ရဲ့ဘေးဘက်ဆီမှ သူအလွန်အမင်းကိုရင်းနီးကျွမ်းဝင်နေတဲ့အသံကြောင့် လက်တွန့်ခနဲဖြစ်သွားကာ အသံပိုင်ရှင်ဆီသို့ကပြာကယာလှည့်ကြည့်လိုက်မိတယ် ။

"ဆရာ မဝင်ခင် မြန်မြန်စားလိုက်လေ မင်းဘာမှမစားလာရသေးဘူးမလား "

"မင်း.... "

"......"

ထျန်းလုဖန်းရဲ့လက်ညိုးကို ပိုင်လင်းရန်ကမသိနားမလည်တဲ့အမူအယာနဲ့ ပြန်ကြည့်တယ် ။သူက ထျန်းလုဖန်းကို ဘာပြောမလို့လဲဆိုတဲ့သဘောနဲ့စိုက်ကြည့်နေတာကြောင့် ထျန်းလုဖန်းမှာ တံတွေးအသာမြိုချလိုက်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။

"မင်းက ဒီကိုဘယ်လိုရောက်လာတာလဲ နောက်ပြီးဒီမုန့်ကမင်းဝယ်လာတာလား "

ထျန်းလုဖန်းရဲ့စကားကို ပိုင်လင်းရန်ကပြန်မဖြေသေးဘဲ မုန်ဘူးဘက်ကို မေးဆက်ပြပြီး ပြောလိုက်တယ်

"အရင်စားလိုက် "

"ဟမ်...အော်..အင်း "

ပိုင်လင်းရန်ရဲ့စူးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေရဲ့အောက်မှာ စက္ကူဘူးထဲက sandwich ကိုကောက်ယူလိုက်ပြီး ခက်ခက်ခဲခဲနဲ့ကိုက်ဝါးမြိုချလိုက်ရတယ် ။ သူအတန်းထဲဝင်လာတဲ့အချိန်တုန်းက စားပွဲပေါ်ကပစ္စည်းတွေကိုအာရုံရောက်နေတဲ့အတွက် သူ့ဘေးခုံမှာထိုင်နေတဲ့လူကို ဂရုမစိုက်လိုက်မိဘူး။

Rebirth as a Playboy (Complete) Where stories live. Discover now