8. ထျန်းလုဖန်းဘေးမှာထိုင်ပြီး သူ့ကိုမနက်စာကျွေးမယ်

7.5K 1.4K 68
                                    

Zawgyi

8. ထျန်းလုဖန်းဘေးမှာထိုင်ပြီး သူ့ကိုမနက်စာကျွေးမယ်

ပိုင်လင်းရန် တစ်ဖက်ခုတင်ပေါ်မှာအခုထိအိပ်နေဆဲဖြစ်တဲ့ လူငယ်လေးကို လှမ်းကြည့်လိုက်တယ် ။ အတန်းချိန်ကနောက်ထပ်နာရီဝက်နေရင် စတော့မှာဖြစ်လို့ အခုချိန်မှာမထခဲ့ရင် အတန်းနောက်ကျတော့မယ် ။ ထျန်းလုဖန်းက ပုံမှန်ဘယ်အချိန်လောက်မှာအိပ်ယာထတတ်လဲဆိုတာသူမသိတဲ့အတွက် နှိုးသင့်မနှိုးသင့်စဉ်းစားနေတာ တစ်နာရီလောက်ရှိနေပြီ ။
အခုချိန်မှာတော့ အတန်းချိန်နီးကပ်နေပြီဖြစ်လို့ ထိုကောင်လေးကိုနှိုးသင့်ပြီလို့ဆုံးဖြတ်လိုက်ကာ တစ်ဖက်ခုတင်နားကိုတိုးကပ်သွားလိုက်တယ် ။ သို့သော်လည်းတစ်ဖက်ကောင်လေးဟာ အိပ်တဲ့အချိန်မှာသတိကြီးကြီးထားတတ်တဲ့သူမျိုးဖြစ်လောက်ပုံပဲ ။ သူခေါင်းနည်းနည်းငုံ့ပြီး ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ ထိုကောင်လေးက ရုတ်တရက်မျက်လုံးပွင့်လာပြီး အလန့်တကြားထအော်တာကို ပိုင်လင်းရန်ခံလိုက်ရတယ်။

"မင်း ဘာလုပ်မလို့လဲ... ! "

"နိုးလာပြီလား အတန်းချိန်စဖို့နာရီဝက်ပဲလိုတော့တာ မင်းမြန်မြန်လုပ်သင့်တယ် "

ထျန်းလုဖန်းလဲနိုးလာပြီဖြစ်တာကြောင့် သူ့ရဲ့တာဝန်ကျေပွန်ပြီလို့သတ်မှတ်လိုက်ပြီး ပိုင်လင်းရန် ကျောပိုးအိတ်ကိုကောက်လွယ်ကာ ကျောင်းသွားဖို့ထွက်လာခဲ့တယ် ။ သူဟာအခန်းပြင်ဘက်ကိုထွက်လာပြီးမှ တစ်စုံတစ်ခုကိုတွေးမိပြီး ချီတုံချတုံဖြစ်မိပေမယ့် နောက်ဆုံးတော့ ကျောင်းဆောင်များဆီသို့သွားရာလမ်းကိုပဲ ဦးတည်လိုက်တယ် ။
သူ့အနေနဲ့ အနည်းငယ်အားနာစိတ်ဝင်မိပေမယ့် စကားများများပြောရတာကိုမကြိုက်တာကြောင့်  မတတ်နိုင်ပေဘူး ။ အမှန်တကယ်ဆိုရင် မနေ့ညတုန်းက ထျန်းလုဖန်းဟာ သူ့ကိုအခကြေးငွေမယူဘဲ စာတွေရှင်းပြပေးမယ်လို့ပြောခဲ့တယ်။ အခုလို ထျန်းလုဖန်းက မနက်စာစားဖို့အတွက်နောက်ကျနေတဲ့အချိန်မျိုးမှာ သူ့(ပိုင်လင်းရန်)အနေနဲ့ မနက်စာဝယ်ပေးဖို့အလိုက်တသိနဲ့မေးသင့်တယ် ။ ဒါမှမဟုတ် သူ ဒီအတိုင်းပဲဝယ်ပေးလိုက်ရမလား ။ အခုထျန်းလုဖန်းက သူ့ရဲ့ဂိုက်ဆရာလို့ပြောလို့ရနေပြီဆိုတော့ တပည့်တစ်ယောက်အနေနဲ့ဒီလောက်တော့လုပ်ပေးသင့်တယ်ထင်တယ်
ပိုင်လင်းရန်ဟာ နောက်ဆုံးသောဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီး ကျောင်း canteenမှာနှစ်ယောက်စာဝယ်ယူဖို့ဆုံးဖြတ်လိုက်တယ်
အခန်းထဲမှာကိုယ်လက်သန့်စင်ခြင်းကို ကပြာကယာလုပ်နေတဲ့ တစ်စုံတစ်ယောက်ကတော့ သူဆီကိုငုံ့ကိုင်းလာတဲ့ မျက်နှာလှလှလေးတစ်ခုကိုမျက်လုံးထဲကမထုတ်နိုင်လေဘူး။  ထျန်းလုဖန်း ဟာမနေ့ညတုန်းက ပိုင်လင်းရန်အကြောင်းကိုစိတ်ထဲကမထုတ်နိုင်တာကြောင့် ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး ။ နောက်ပြီး တစ်စုံတစ်ခုသောကိစ္စရပ်ကြောင့် ညနက်တဲ့ အချိန်ရောက်မှ ရေအေးနဲ့လောင်းချိုးလိုက်ရတာကြောင့် သူ့ခန္ဓာကိုယ်က အဖျားအနည်းငယ်ဝင်ချင်နေတယ်။

Rebirth as a Playboy (Complete) Where stories live. Discover now