23. ကျွန်တော်နဲ့လိုက်အိပ်မလား /ကျွန်တော်နဲ့လိုက်အိပ်မလား

6.1K 1K 24
                                    

Zawgyi

လီစစ်ရန်ဟာ မကြာသေးခင်တုန်းက သူထွက်လာခဲ့တဲ့ Motel ကို နောက်တစ်ကြိမ်မော့ကြည့်လိုက်ကာ မကျေမနပ်ဖြစ်နေတဲ့စိတ်ကို မြေကြီးပေါ်သို့ ဖိနပ်ထိပ်နဲ့တစ်ချက်ကန်ပြီးဖြေလျှော့လိုက်တယ်။ အခုတလော သူတွေ့တဲ့လူတိုင်းက ဘာလို့အဆင်မပြေဖြစ်နေရတာလဲ။

အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားတွေက မိုက်မိနေတဲ့ လူက လာပြီးချည်းကပ်လာတဲ့အတွက် ဒီနေ့တစ်ရက်တော့ ပျော်လို့ရပြီလို့ထင်ခဲ့မိတာ။ အခုလိုမျိုး ဆယ်နှစ်သားအရွယ်လောက် ပစ္စည်းမျိုးကို ပိုင်ဆိုင်ထားတဲ့လူမှန်းကြိုသိခဲ့ရင် အချိန်အကုန်ခံပြီးလိုက်ခဲ့မှာမဟုတ်ဘူး။

"သူ့ အရွယ်အစားလောက်နဲ့ ငါ့အပေါ်ကိုတက်ခွချင်သေးတယ် shit.. ငါ့အချိန်တွေကိုလာဖြုန်းနေတာပဲ "

သူ့အနေနဲ့ စိတ်ဆန္ဒတွေကိုမဖြေလျော့ရတာအတော်လေးကြာနေပြီ။ ဒါကြောင့် ရုံးပိတ်တဲ့စနေနေ့ညနဲ့ သားဖြစ်သူအိမ်မှာမရှိတဲ့ည တိုက်ဆိုင်တဲ့အချိန်မျိုးမှာ အသားကုန်ပျော်ပါးဖို့စိတ်ကူးယဉ်ထားခဲ့တာ။ အခုတော့ စိတ်ကူးတွေက လေထဲမှာပဲ ကွယ်ပျောက်သွားခဲ့ပြီ။ လီစစ်ရန် စိတ်ငြီးငြူစွာနဲ့ နာရီကိုတစ်ချက်မြှောက်ကြည့်လိုက်တော့ နာရီလက်တံက (11) ဆိုတဲ့နေရာမှာရောက်နေတာကိုမြင်လိုက်ရတယ်။ အခုချိန်ကျမှ နောက်ထပ်ဘားတစ်ခုကိုလည်း သူသွားလိုတဲ့စိတ်မရှိတော့ဘူး။

သူဟာ မကျေမချမ်းနဲ့တွေးတောနေရင်းမှ လွန်ခဲ့တဲ့နှစ်ပတ်လောက်က သားဖြစ်သူရဲ့ပရောဂကြောင့်ဆုံတွေ့ခဲ့ရတဲ့ ခပ်ချောချောကောင်ငယ်လေးကို ရုတ်တရက်သတိရလာခဲ့တယ်။

သူ့ရဲ့သားဖြစ်သူ လီဟွားဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက cosplay လုပ်ရတာကို သဘောကျနှစ်ခြိုက်လာခဲ့တာဖြစ်တယ်။လီဟွားဟာ ငယ်ငယ်လေးကတည်းက အစစအရာရာမှာ လူကြီးဆန်ပြီးသိတတ်လိမ္မာလွန်းတဲ့ ကလေးဖြစ်တဲ့အတွက် အဖေဖြစ်တဲ့ သူကလည်း သားဖြစ်သူရဲ့ကိစ္စတွေကိုဝင်ရောက် စွပ်ဖက်ခြင်းမရှိခဲ့ဘူး။

ထိုနေ့ညမှာတုန်းက လီဟွားက သူ့ထံမှာ ပထမဆုံးအကြိမ်အဖြစ်အကူအညီတောင်းခံလာခဲ့တာဖြစ်တာကြောင့် သူဟာ ဝမ်းသာအားရလက်ခံခဲ့တာဖြစ်ပေမယ့် cosplay ဝတ်စုံတွေဝတ်ဆင်ပြီး သူ မရင်းနီးတဲ့နေရာသို့ ကိုယ်စားသွားရောက်ခိုင်းတာဖြစ်လိမ့်မယ်လို့ကြိုမသိခဲ့ဘူး။
လီစစ်ရန်ဟာ ပါးစပ်ထဲကဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်ကာတစ်ချက်ပြုံးလိုက်ရင်း တကယ်လို့ သိခဲ့မယ်ဆိုရင်လည်း သူ့အတွက်ငြင်းဆန်ဖို့တော့အားအင်မရှိနိုင်လောက်ဘူးလို့တွေးမိတယ်။ သူ့ရဲ့သားဖြစ်သူက သူတကယ်အလေးမထားတဲ့ကိစ္စအတွက်တော့ အဖေဖြစ်တဲ့လီစစ်ရန်ထံမှာ တကူးတကအကူအညီတောင်းလာမှာမဟုတ်ဘူး။

Rebirth as a Playboy (Complete) Where stories live. Discover now