37.Gangster အစစ်ကဘယ်သူများလဲ

3.2K 534 11
                                    

Zawgyi

(A/ N_ မေ့နေလောက်မှာသေချာတယ်ဆိုတော့ chapter 36 ကိုအရင်ပြန်သွားပြီးနွှေးလိုက်ကြပါဦး XD)

အရာအားလုံးကိုကြိုတင်ပြင်ဆင်ထားပုံအရ ထိုလူမိုက်တွေက အနည်းငယ်လောက်တော့ပါရမီရှိတဲ့ပုံပဲ ။ ဒါမှမဟုတ် နောက်ကွယ်မှာ အထောက်အပံ့ကြီးကြီးတစ်ခုရှိနေတာလည်းပဲဖြစ်နိုင်တယ်။ သူတို့က ဓားစာခံကိုခေါ်ယူသွားဖို့အတွက် နံရံအကွယ်မှာ ကားတွေကိုအသင့်စောင့်ဆိုင်းခိုင်းထားပြီး ပိုင်လင်းရန်တို့ကို ကားထဲသို့ထည့်သွင်းလိုက်ပြီးတာနှင့် မျက်လုံးများကို စည်းနှောင်ကာ အလျင်စလိုပဲ မောင်းထွက်သွားခဲ့တယ်။

မကြာခင်မှာပဲကားက နေရာတစ်ခုမှာရပ်တန့်သွားခဲ့တယ်။ လူမိုက်တွေက သူတို့ကိုအခန်းတစ်ခုထဲသို့ခေါ်သွင်းလာခဲ့ကာ သူတို့လုပ်ငန်းပြီးမြောက်တာကြောင့်ရရှိလာမယ့်ပိုက်ဆံတွေကိုသုံးဖြုန်းမယ့်အကြောင်းတွေပြောဆိုပြီး အပြင်သို့ထွက်သွားခဲ့ကြတယ် ။ သူတို့ရဲ့ဖုန်းတွေကိုလည်းသိမ်းယူထားတဲ့အတွက် စိတ်ပူပန်မှုမရှိတာဖြစ်နိုင်တယ်။

အခန်းထဲမှအသံတွေကွယ်ပျောက်သွားခဲ့တာကြောင့် ပိုင်လင်းရန်ဟာ သူ့ရဲ့လက်မှာချည်နှောင်ထားတဲ့ကြိုးကို ပြန်ဖြုတ်ဖို့ စဉ်းစားနေတဲ့အချိန်မှာပဲ သူ့ရဲ့မျက်လုံးကိုဖုံးအုပ်ထားတဲ့အဝတ်စနှင့် လက်မှာချည်နှောင်ထားတဲ့ကြိုးတို့က တစ်စုံတစ်ယောက်ရဲ့ဆွဲဖြည်ခြင်းကိုခံလိုက်ရတယ်။

သူ့ရဲ့ခေါင်းကိုအသာခါယမ်းလိုက်ပြီး သူ့ရဲ့ရှေ့ကလူကိုစူးစူးရဲရဲကြည့်ကာ နှုတ်ခမ်းကိုဖွင့်ဟတော့မယ့်အချိန်မှာပဲ ထိုသူက သူ့ရဲ့နှုတ်ခမ်းကို လက်ညှိုးနဲ့ကန့်လန့်ဖြတ်ထိကပ်ပြီးတိုးတိုးနေဖို့အချက်ပြလာတယ်။

ထို့နောက် ထိုအမျိုးသားငယ်လေးက သက်သောင့်သက်သာအမူအယာနှင့် ထိုင်ချလိုက်ပြီး သူ့ရဲ့ရှပ်အင်္ကျီမှာတပ်ဆင်ထားတဲ့ ဒုတိယကြယ်သီးကို နှစ်ချက်မျှဖိနှိုက်လိုက်တယ်။

သုံးစက္ကန့်လောက်အကြာမှာတော့ ထိုကြယ်သီးထံမှ သေးငယ်တဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်ရဲ့အေးစက်ပြီးအတက်အကျမရှိတဲ့လေသံကထွက်ပေါ်လာတယ်။

Rebirth as a Playboy (Complete) Where stories live. Discover now