20. မင်းက ကစားချင်နေတာလား / မင်းက ကစားချင်နေတာလား

6.2K 1.1K 33
                                    

Zawgyi

ထျန်းလုဖန်းက ပိုင်လင်းရန်ကိုရှောင်နေတာ တစ်ပတ်ကျော်နေပြီ။ သူက မနက်ကို ပိုင်လင်းရန်မနိုးခင်အချိန်ကတည်းက ထွက်သွားတတ်ပြီး ညဘက်လူစစ်ချိန် ရောက်ခါနီးလောက်မှ အဆောင်သို့ ပြန်ရောက်လာတတ်တယ်။
ကျောင်းဖွင့်ရက်တွေမှာလဲ ထိုသို့ပုံစံအတိုင်းပဲ။ မနက်အစောကြီးလောက်ကတည်းကထွက်သွားတတ်ပေမယ့် ဆရာ ဝင်ခါနီးလောက်မှ အတန်းထဲသို့ရောက်ရှိလာတတ်တယ်။ နေ့လည်စာစားချိန်တွေမှာလည်း အခန်းပြင်သို့ပထမဆုံးထွက်သွားတတ်ကာ ကျောင်း canteen သို့ရောက်ရှိလာခြင်းမရှိတာကြောင့် ပိုင်လင်းရန်ဟာ ရှုရိလန်တို့နှစ်ဦးနဲ့ပဲ အတူထိုင်ပြီးနားဒုက္ခခံရတော့တယ်။ ပိုင်လင်းရန်က တစ်ဦးတည်းထိုင်ချင်ရင်တောင် ထိုပေါက်ပေါက်ဖောက်သလိုမျိုး စကားပြောနိုင်လွန်းတဲ့နှစ်ယောက်ကတော့ သူ့ကိုအလွတ်မပေးကြဘူး။

ဒါပေမယ့် ထျန်းလုဖန်းက အမှန်တကယ်ကို စကားတည်တတ်တဲ့လူမျိုးပဲ။ သူက သိသိသာသာကြီးကို ပိုင်လင်းရန်ကိုရှောင်နေတဲ့အချိန်မှာတောင် ကတိပေးထားတဲ့အတိုင်း ညဘက်တွေမှာ စာပြပေးတာကိုတော့ ပျက်ကွက်ခြင်းမရှိလေဘူး။ ထိုကောင်လေးဟာ အပိုစကားတစ်ခွန်းလေးတောင်မဆိုပါပဲ ကျောင်းစာကိုသာရှင်းပြခဲ့ပြီး အချိန်ပြည့်တာနဲ့ သူ့ရဲ့ခုတင်ဘက်သို့ လှည့်ထွက်သွားတာဖြစ်တယ်။

ယခုအချိန်မှာတော့ ပိုင်လင်းရန်ရဲ့အခြေအနေက ကျဉ်းထဲကျပ်ထဲမှာရောက်ရှိနေရတယ်။ သူအနေနဲ့ အပိုစကားတွေကိုပြောဆိုတတ်တဲ့လူမျိုးမဟုတ်ခဲ့တာကြောင့် ထျန်းလုဖန်းက သူ့ကို တမင်သက်သက်ဖယ်ရှောင်နေမှန်း သိနေတဲ့အချိန်မှာတောင် ဘယ်လိုစကားကိုပြောပြီး အခြေအနေကိုပြန်လည်ထိန်းညှိရမလဲဆိုတာမသိလေဘူး။

ပိုင်လင်းရန်အတွက်တော့ ဒီဘက်ဘဝကိုရောက်လာတဲ့အချိန်မှာ ပထမဆုံးအကြိမ်အဖြစ် ရင်နီးကျွမ်းဝင်ချင်တဲ့ ခံစားချက်မျိုးဖြစ်လာတာက ထျန်းလုဖန်း တစ်ဦးတည်းပဲရှိတယ်။ ဒီခံစားချက်က ခုချိန်ထိလည်း ပျောက်ပြယ်သွားခြင်းမရှိသေးဘူး။ သူဟာ ထျန်းလုဖန်းကို စတွေ့တဲ့အချိန်ကတည်းက သဘောကျနှစ်ခြိုက်ခဲ့တာဖြစ်ပြီး ထိုသူရဲ့အနီးအနားမှာနေထိုင်လိုခဲ့ပေမယ့် ချစ်သူစုံတွဲတွေလို ကြိုက်နှစ်သက်တယ်လို့ဆိုလိုတာမှ မဟုတ်တာပဲ။ ထျန်းလုဖန်းကရော ဘယ်လိုဖြစ်ပြီးတော့များ သူ့ကိုမရိုးမသားနဲ့ကြိုက်သွားရတာလဲ။

Rebirth as a Playboy (Complete) Where stories live. Discover now