13. ပိုင်လင်းရန်က သဝန်တိုနေတယ်လို့ထင်တယ် /ပိုင်လင်းရန်က သဝန်တိုနေတယ်လို့ထင်တယ်

6.7K 1.2K 24
                                    

Zawgyi

ထျန်းလုဖန်းက ညဘက်လူစစ်ချိန်မရောက်ခင် တစ်နာရီအလိုခန့်လောက်မှ အဆောင်သို့ပြန်ရောက်လာခဲ့တယ်။ သူ့ရဲ့မျက်နှာက ဖြတ်ခနဲကြည့်ရုံနဲ့တောင် ပုံမှန်မဟုတ်ဘူးလို့ထင်ရလောက်အောင် မှိုင်းညို့ပြီးမှောင်မိုက်နေတယ်။ အနားသို့ရောက်လာတဲ့အချိန်မှာတော့ ပိုင်လင်းရန်က ထိုလူငယ်လေးရဲ့ နှုတ်ခမ်းထောင့်နားမှာအနည်းငယ် သွေးစို့ကာယောင်ရမ်းနေတာကိုမြင်လိုက်ရတယ်။ ဖြစ်နိုင်တာကတော့ တစ်စုံတစ်ယောက်ရဲ့ထိုးကြိတ်ခြင်းကိုခံလာရတဲ့ပုံပဲ။
ရေချိုးခန်းထဲသို့တန်းဝင်သွားတဲ့ ထျန်းလုဖန်းကိုကြည့်ပြီး ညနေတုန်းက ရှုရိလန်ပြောတဲ့စကားကို ပိုင်လင်းရန်ပြန်လည် သတိရလာခဲ့တယ်။ ရှုရိလန် ပို့လိုက်တဲ့ဓာတ်ပုံထဲမှအမျိုးသမီးက အတော်လေးကိုလှပပြီးဆွဲဆောင်မှုရှိတဲ့ပုံစံလေးပဲဆိုပေမယ့် အသက်ကတော့ သူတို့ထက်ကြီးလိမ့်မယ်ဆိုတာသေချာတယ်။ ထျန်းလုဖန်းက ထိုသို့သောကောင်မလေးတွေကိုသဘောကျတာလား ။ ဒါဆိုရင် အခုရလာတဲ့ဒဏ်ရာက ရည်းစားပြသနာကြောင့်များဖြစ်နိုင်မလား ။

ထျန်းလုဖန်းက ရေချိုးခန်းထဲကထွက်လာပြီးတဲ့နောက်မှာ ခုတင်ပေါ်မှာခဏမျှထိုင်နေပြီးမှ ပိုင်လင်းရန်ရှိနေတဲ့ စာကြည့်စားပွဲမှာလာပြီးထိုင်တယ်။ ထိုလူငယ်လေးက သူအဆင်မပြေတဲ့အချိန်မှာတောင် ပိုင်လင်းရန်ကို ပေးထားတဲ့ကတိအတိုင်း တစ်ရက်ကိုတစ်နာရီခွဲခန့် ဂိုက်လုပ်ပေးမယ်ဆိုတဲ့စကားကိုဖောက်ဖျက်လိုဟန်မရှိဘူး ။ ပိုင်လင်းရန် က ထိုကောင်ငယ်လေးရဲ့မျက်နှာပေါ်မှာရှိနေတဲ့ ဒဏ်ရာကိုကြည့်ကာ သူ့ရဲ့ခုတင်ဘေးက ဆေးသေတ္တာငယ်လေးကိုလှမ်းယူလိုက်တယ် ။

" မင်းရဲ့ဒဏ်ရာကိုအရင်ဆေးထည့်ရအောင် "

ထျန်းလုဖန်းက ပိုင်လင်းရန်ရဲ့အပြုအမူကြောင့်ရင်ထဲမှာအနည်းငယ်လှုပ်ခတ်သွားရတယ် ။ တခြားလူတွေဆိုရင် အခုလိုဆေးထည့်ပေးဖို့မပြောခင်မေးခွန်းတွေအများကြီးထွက်လာတတ်ကြတာမဟုတ်ဘူးလား။ ဒီမြေခွေးဖြူလေးပိုင်က ဘာလို့သူများတွေနဲ့ကွဲပြားနေရတာလဲ။ ဒါက သူ့အပေါ်မှာနားလည်မှုအပြည့်ရှိတယ်လို့ဆိုလိုတာမျိုးလား ။
ထျန်းလုဖန်းဟာ သူ့ကိုဂရုတစိုက်နဲ့ဆေးထည့်ပေးနေတဲ့ ပိုင်လင်းရန်ရဲ့မျက်နှာလေးကိုကြည့်ပြီး စဉ်းစားနေမိတယ်။ မကြာသေးမှီက ရှိခဲ့တဲ့ဒေါသတွေကလဲ ဒီလူငယ်လေးရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာပဲ ပျောက်ကွယ်သွားခဲ့တာဖြစ်တယ်။ ပိုင်လင်းရန်ရဲ့အေးမြကြည်လင်နေတဲ့မျက်နှာက ဘာလိုသူ့ရဲ့စိတ်ကိုငြိမ်းချမ်းပျော်ရွှင်စေမိတာလဲ။ သူ့အတွက် ဒီကောင်လေးဆီကနေထွက်ပြေးတိမ်းရှောင်ဖို့ အရမ်းပဲနောက်ကျသွားခဲ့ပြီလား။
ထျန်းလုဖန်းရဲ့ အကြည့်တွေကတဖြည်းဖြည်းအောက်ဘက်သို့ရောက်သွားပြီး ပိုင်လင်းရန်ရဲ့ နှုတ်ခမ်းနှစ်လွှာပေါ်မှာအခြေချတယ်။ မိန်းကလေးတွေလို ဆေးကူထားခြင်းမရှိပါဘဲ နီရဲစိုစွတ်နေတဲ့ နှုတ်ခမ်းက ဂျယ်လီတုံးလေးတွေနဲ့တောင် ဆင်တူနေသလိုပဲ။ တကယ်လို့ကိုက်ဝါးပြီးအရသာခံကြည့်ရင်ရော ချိုမြိန်နူးညံ့မှုတွေကိုခံစားရလောက်မလား ။

Rebirth as a Playboy (Complete) Where stories live. Discover now