27. ဆရာသခင် မရှိတော့လေတဲ့ခွန်းလွန်/ဆရာသခင် မရှိတော့လေတဲ့ခွန်းလွန်

4.9K 926 21
                                    

Zawgyi

" ငါတို့ကျောင်းအုပ်ကြီးက ဘယ်လိုစိတ်ကူးနဲ့များ ကျောင်းလေ့လာရေးခရီးကို ဒီလောက်မတ်စောက်တဲ့တောင်ကိုတက်ခိုင်းဖို့ စိတ်ကူးခဲ့တာတုန်း .. ချွေးတွေစိုရွှဲနေတဲ့ပုံစံက ငါ့လို လူချောလေးကို ဆွဲဆောင်မှုပိုရှိစေနိုင်တယ်ဆိုပေမယ့် ငါရှုရိလန်က ခက်ခဲပင်ပန်းတဲ့အလုပ်တွေကို  နည်းနည်းလေးတောင် ကြိုက်တာမဟုတ်ဘူး "

လေ့လာရေးခရီးက မနက်ငါးနာရီလောက်မှာ ခရီးစ,နှင်လာခဲ့တာကြောင့် ဆောင်းအငွေ့အသက်တွေကျန်နေဆဲဖြစ်တဲ့ တောင်တက်ခရီးလမ်းတစ်လျှောက်မှာ မြူနှင်းတွေဖုံးလွှမ်းနေခဲ့တယ်။ အာရုံဦးအလင်းရောင်ကလည်း ကောင်းစွာထိုးဖောက်မဝင်ရောက်နိုင်သေးတာကြောင့် ဆရာအနည်းငယ်ကြီးကြပ်ပါဝင်တဲ့ ကျောင်းသူကျောင်းသားလူအုပ်ကြီးဟာ မိမိခြေချနင်းရမယ့် လမ်းကြောင်းကို သတိထားပြီးလျှောက်လှမ်းနေရတဲ့အတွက် အနည်းငယ်တိတ်ဆိတ်နေသယောင်ရှိနေခဲ့တာဖြစ်တယ်။

ထိုသို့တိတ်ဆိတ်မှုကို ကျယ်လောင်စွာထွက်လာတဲ့ ရှုရိလန်ရဲ့သာယာလှတဲ့အသံစူးစူးက အောင်မြင်စွာနဲ့ဖြိုခွဲလိုက်လေတယ်။ ထိုသူရဲ့အသံက ပုံမှန်ပြောနေကျထက် အနည်းငယ်မျှသာ ပိုကျယ်ခြင်းဖြစ်သော်လည်း မနက်ခင်းတေးသီဆိုတတ်တဲ့ ကျေးငှက်လေးများရဲ့အသံနဲ့ ကျောင်းသူကျောင်းသားလေးများရဲ့တီးတိုးစကားအနည်းငယ်မှအပ အေးချမ်းဆိတ်ငြိမ်နေတဲ့ပတ်ဝန်းကျင်ကိုတော့ လုံလုံလောက်လောက်ဖျက်စီးလိုက်နိုင်တယ်။

သို့ပေမယ့် ကျောင်းသူကျောင်းသားအများစုနဲ့ ဆရာတွေအတွက်ကတော့ ထိုငမွှေထိုးရှုရဲ့ စကားပြောဆိုပုံတွေကို ရင်းနီးကျွမ်းဝင်ပြီးသားဖြစ်တာကြောင့် အရေးမလုပ်ဘဲ လျစ်လျှူရှုရန်သာ တစ်ညီတစ်ညွတ်ထဲ ဆုံးဖြတ်ထားကြပုံပေါ်တယ်။ တစ်ချို့သော မိန်းကလေးအနည်းငယ်လောက်က ပြုံးစိစိဖြစ်သွားကြပြီး တစ်ချို့သောအမျိုးသားငယ်လေးများက ခပ်တိုးတိုးဆဲရေးလိုက်သည်ကလွဲလို့ပေါ့။

ထိုအထဲမှာ ရှုရိလန်ရဲ့အမာခံပရိသတ်အဖြစ် သတ်မှတ်ထားနိုင်တဲ့ ကျန်းရှန်လုံဆိုသော ငနဲလေးကတော့ပါဝင်ခြင်းမရှိလေဘူး။ သူက သူ့ထက် 5လက်မခန့်ပိုရှည်တဲ့ ရှုရိလန်ကို လည်ပင်းကိုခပ်မြင့်မြင့်မြှင့်ကာ စောင်းငဲ့ကြည့်လိုက်ပြီး ညိုမှောင်တဲ့မျက်နှာနဲ့ ပြန်လည်ချေပလိုက်တယ်။

Rebirth as a Playboy (Complete) Where stories live. Discover now