6. သူငယ်ချင်းသစ်များရရှိလာခြင်း /သူငယ်ချင်းသစ်များရရှိလာခြင်း

7.7K 1.4K 58
                                    

Zawgyi

"တကယ်ပဲ ပိုင်လင်းရန်ကိုး"

ဘယ်လောက်ပဲလှပကျော့ရှင်းတဲ့ မိန်းကလေးဖြစ်နေပါစေ ပိုင်လင်းရန်ကစိတ်ဝင်စားမှာမဟုတ်ဘူး ။ ကျောင်းပြန်တက်တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ့ဆီကိုအကြောင်းအမျိုးမျိုးပြကာ ဝင်ရောတတ်သောမိန်းကလေးပေါင်းစုံနဲ့ကြုံတွေ့ခဲ့ပြီးဖြစ်တာကြောင့် ပိုင်လင်းရန် သူမကိုဂရုစိုက်မနေတော့ပဲ ညစာထွက်စားဖို့အရေးကိုပြန်လည်အာရုံစိုက်လိုက်တယ်

"ဟာ ဟေ့ နေဦးလေ"

ပိုင်လင်းရန်က သူမကိုဂရုမစိုက်ပဲလှည့်ထွက်သွားတာကြောင့် ထိုမိန်းကလေးဟာ နောက်ကပြေးလိုက်ပါလာပြီး သူ့ရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်။

"ပိုင်သခင်လေးက သတင်းကြားရတဲ့အတိုင်းတကယ်ကြီးပြောင်းလဲသွားတာကိုး "

သူ့ရဲ့လက်ကိုအဆွဲခံလိုက်ရတာကြောင့် ပိုင်လင်းရန်ကစိတ်ရှုပ်ထွေးစွာပြန်လှည့်ကြည့်လိုက်တယ် ။ သူတကယ် ဒီလိုအရှုပ်တွေကိုရှင်းနေရတာမုန်းနေပြီ ။
ပိုင်လင်းရန်ရဲ့မျက်နှာအမူအယာကိုကြည့်ပြီး တစ်ဖက်ကမိန်းကလေးဟာ မိန်းကလေးမပီသစွာနဲ့တဟားဟားအော်ရယ်တော့တယ် ။ ဆက်ပြီးတော့ ထိုမိန်းကလေးဟာရဲတင်းစွာနဲ့ သူမကိုင်ထားတဲ့ပိုင်လင်းရန်ရဲ့လက်ကိုသူမရင်ဘတ်ပေါ်ကိုဆွဲယူပြီးဖိကိုင်စေလိုက်တယ်။
ပိုင်လင်းရန်ဟာ ရုတ်တရက်ထိတ်လန့်သွားရပေမယ့် မို့မောက်နေတဲ့ ရင်ဘတ်ရဲ့နူးညံ့တဲ့အထိအတွေ့ ကိုမကြုံတွေ့ရပဲ လေပူဖောင်းတစ်ခုကိုကိုင်လိုက်သလိုခံစားလိုက်ရတယ်

"ငါက ရှုရိလန် နောက်ပြီးတော့ငါကယောက်ျားလေး .. အခန်း(13)က "

"ယောက်ျားလေး?"

ပိုင်လင်းရန်က ထိုသူရဲ့ သေးသွယ်တဲ့ခါးနဲ့ သာမန်မိန်းကလေးတွေထက်တောင်ကြည့်ကောင်းတဲ့ခြေတံရှည်ရှည်တို့ကို နောက်တစ်ကြိမ် ပြန်ကြည့်ပြီးမယုံနိုင်စွာနဲ့မေးခွန်းထုတ်လိုက်တယ် ။ သူ့ရဲ့အရင်ဘဝမှာလဲ မိန်းကလေးတွေလိုဝတ်ရတာကိုနှစ်ခြိုက်တတ်တဲ့ အမျိုးသားတွေရှိပေမယ့် သူ့ရှေ့ကသတ္တဝါလေးလိုမျိုး ကြည့်ကောင်းတဲ့သူမျိုးတော့ သူ မမြင်ဖူးဘူး။

Rebirth as a Playboy (Complete) Where stories live. Discover now