1. playboy အဖြစ်ပြန်လည်မွေးဖွားခြင်း / playboy အဖြစ်ပြန်လည်မွေးဖွားခြင်း

26.5K 1.7K 139
                                    

Zawgyi

1. playboy အဖြစ်ပြန်လည်မွေးဖွားခြင်း

ပိုင်လင်းရန် ဒီကိုရောက်နေတာတစ်ပတ်ကျော်ပြီ ။ သူသေဆုံးသွားပြီလို့ထင်ခဲ့ပေမယ့် သူနဲ့စိမ်းသက်တဲ့နေရာတစ်ခုမှာပြန်ပြီးနိုးထလာရတယ် ။ မူလပိုင်ရှင်ရဲ့မှတ်ဥာဏ်တွေသာ သူ့ဆီကိုရောက်မလာဘူးဆိုရင် သူတော့ရူးသွားတယ်လို့အထင်ခံရမှာအသေအချာပဲ။
ဒီနေရာကိုရောက်လာတဲ့အချိန်မှာ သူ့မှာပြသနာတွေ အရမ်းကိုများတယ် ။ မူလပိုင်လင်းရန်ရဲ့မှတ်ဥာဏ်ရရှိထားပေမယ့် သန့်စင်ခန်းအသုံးပြုတဲ့အချိန်တွေ ဒါမှမဟုတ် ပိုင်လင်းရန် ရဲ့သူငယ်ချင်းတွေက Night club လိုနေရာမျိုးကို ခေါ်တဲ့အချိန်တွေမှာ သူ့အတွက်အကြပ်အတည်းကိုရင်ဆိုင်ရတယ် ။
အဆိုးဆုံးကတော့ မူလပိုင်လင်းရန်ဟာ မိန်းမရှုတ်တဲ့သူတစ်ယောက်ဖြစ်နေခဲ့တာပဲ ။ ဒါတွေက သူကျင့်ကြံတဲ့ဓမ္မလမ်းစဉ်ကိုလုံးဝသွေဖီနေတယ် ။
နောက်တစ်ခုက သူဟာအထက်တန်းကျောင်းသားတစ်ယောက်ပဲ ။ ပိုင်လင်းရန်ဟာ ငွေကြေးချမ်းသာတဲ့အထက်တန်းလွှာကတစ်ဦးတည်းသောသားဖြစ်နေတာကြောင့်ကျောင်းအုပ်ကြီးကတောင်ဘာမှမပြောရဲလေဘူး ။ ဒါကြောင့်သူဟာ ကျောင်းစာကိုစိတ်ဝင်စားခြင်းမရှိပဲ အပျော်အပါးကိစ္စကိုသာစိတ်ဝင်စားတာကြောင့် တစ်ခန်းလုံးမှာအဆင့်တစ်နေရာမှာရှိနေတယ် ။ တကယ်လို့မင်းသာ အဆင့်တွေကိုအောက်ဆုံးကနေစပြီးရေတွက်မယ်ဆိုရင်ပေါ့ ။

အခုပိုင်လင်းရန်အနေနဲ့ပြောရရင် မူလပိုင်လင်းရန်က တကယ့်အမှိုက်သာသာပဲ ။ ဒါပေမယ့်ပြန်တွေးကြည့်လိုက်တော့ သူ့မှာအဲလိုမျိုးဝေဖန်ပိုင်ခွင့်မရှိဘူးလို့ထင်တယ် ။ ထိုလူရဲ့ခန္ဓာကိုယ်ကို ယူသုံးနေပြီး အဲဒီလူကိုအပြစ်တင်နေရင် ဒါကကျေးဇူးကန်းတာပဲမလား ။
သူ့အနေနဲ့ မူလပိုင်လင်းရန်ရဲ့နာမည်ဆိုးတွေကို ချေဖျက်ဖို့ကြိုးစားသင့်တယ် ။ ဒါကခန္ဓာကိုယ်ပိုင်ရှင်ကိုကျေးဇူးဆပ်ခြင်းဖြစ်သလို သူကိုယ်တိုင်လဲ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနဲ့သာနေထိုင်လိုခြင်းကြောင့်ဖြစ်တယ် ။ မူလပိုင်လင်းရန်ရဲ့ မိဘတွေကလဲ သူသာကောင်းကောင်းမွန်မွန်နေထိုင်ရင် စိတ်ချမ်းသာမှာပဲလို့တွေးမိတယ် ။ အခုချိန်မှာအတတ်နိုင်ဆုံးကြိုးစားနေပြီးတော့ အသက်30လောက်ရောက်ရင်တော့ တောကျောင်းတစ်ခုမှာ ဓမ္မကျင့်စဉ်ပြန်ကျင့်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ် ။ ( တစ်စုံတစ်ယောက်ကတော့ ဖြစ်မလာနိုင်တဲ့စိတ်ကူးတွေယဉ်နေပြန်ပါပြီ)

Rebirth as a Playboy (Complete) Where stories live. Discover now