16. ပထမဆုံးထိတွေ့နှုတ်ဆက်ခြင်း /ပထမဆုံးထိတွေ့နှုတ်ဆက်ခြင်း

6.7K 1.1K 35
                                    

Zawgyi

စနေနေ့ရဲ့မနက်ဘက်မှာတော့ ထျန်းလုဖန်းက ပုံမှန်အတိုင်းအခန်းတွင်းမှာအောင်းပြီး ဂိမ်းကစားနေခဲ့တယ်။ တစ်ဖက်ခုတင်ပေါ်မှာတော့ ပိုင်လင်းရန်က အေးဆေးသက်သာစွာနဲ့လှဲလျောင်းနေပြီး သူတစ်ခါမှဝင်မကြည့်ဖူးတဲ့ ကျောင်းတွင်း networkတွေဘက်ကို သိလိုစိတ်နဲ့ဝင်ရောက်ကြည့်ရှုနေလေတယ်။ အများစုကတော့ ကျောင်းသားကျောင်းသူတွေတင်ထားတဲ့ ရယ်စရာဟာသအကြောင်းအရာတွေဖြစ်ပြီး တစ်ခါတစ်ရံ ဒေါသတကြီးပေါက်ကွဲစွာရေးထားတာတွေကိုလဲတွေ့ရတယ်။
ပိုင်လင်းရန်ဟာ အောက်ဘက်အထိဆွဲကြည့်နေရင်းနဲ့ တစ်နေရာအရောက်မှာတော့ ကောင်မလေးတစ်ယောက်က သူ့(ပိုင်လင်းရန်)ရဲ့ပုံကို လွန်ခဲ့တဲ့နှစ်ရက်နေ့က တင်ထားတာကိုတွေ့လိုက်ရတယ်။ မူလပိုင်ရှင်က ရည်းစားများတဲ့သူတစ်ယောက်ဖြစ်ခဲ့တာကြောင့် အခုလို သူ့ရဲ့ပုံကိုကောင်မလေးတွေက တင်တယ်ဆိုတဲ့ကိစ္စကိုတော့ သူမအံ့သြလေဘူး။ သို့ပေမယ့် ပုံရဲ့အပေါ်မှာရေးထားတဲ့စာကတော့ သူ့ရဲ့စိတ်ဝင်စားမှုကိုအရယူသွားခဲ့တယ်။

'ရုပ်ချောတဲ့ကောင်လေးတွေက ဘာလို့အဲလိုတွေဖြစ်သွားကြတာလဲ ငါသူ့ကိုအရမ်းနှမျောတယ် (ကျေနပ်ပီတိဖြစ်နေသော emoji) '

အဲလိုဖြစ်သွားတယ်ဆိုတာက ဘာကိုပြောတာလဲ ။ နှမျောတယ်ဆိုတာကရော။ ဒါက ပိုင်လင်းရန် နောက်ထပ်ရည်းစားမထားတော့တာကိုပြောချင်တာများလား။ ဒါပေမယ့်နှမျောတယ်ဆိုပြီး ဘာလို့ပျော်ရွှင်မြူးတူးနေတဲ့ပုံအသေးလေးနဲ့တွဲပြီးတင်တာလဲ။ ပိုင်လင်းရန်က နားမလည်စွာနဲ့ အောက်ဘက်ကိုဆွဲချဖို့လုပ်တဲ့အချိန်မှာ မတော်တဆနဲ့ comment နေရာကိုထိမိသွားတယ်။ သူပထမဆုံးမြင်လိုက်ရတာကတော့ 'ရှုရိလန်က လူတိုင်းထက်ချောတယ်' ဆိုတဲ့account ပိုင်ရှင်ရဲ့ comment ပဲ ။

[ ကောင်မလေးတွေ ပိုင်ရှင်ရှိပြီးသားအမျိုးသားကိုစိတ်ထဲကထုတ်လိုက်ပါတော့ မင်းတို့အားလုံးကို ဒီကောကော(ကိုကို) ကတာဝန်ယူနိုင်ပါတယ် ]

ရှုရိလန်ရဲ့ comment ကပိုင်လင်းရန်ကို အချိန်ခဏလောက် ဦးနှောက်ကိုဗလာဖြစ်သွားစေတယ်။ ပိုင်ရှင်ရှိပြီးသားဆိုတာကဘာကိုဆိုလိုတာလဲ။ သူဆက်ပြီးကြည့်လိုက်တော့ ရှုရိလန်ရဲ့ comment အောက်မှာ reply ပြန်ထားတဲ့သူတွေအများကြီးရှိနေတာကိုလည်းတွေ့ရတယ်။ အများစုကတော့ အီစီကလီပုံစံနဲ့ပြောထားတဲ့မိန်းကလေးတွေပဲ။ ပိုင်လင်းရန်တစ်ယောက် ရှုရိလန်ကိုလျစ်လျူရှုကာ နောက်ထပ် comment တွေကိုဖတ်လိုက်တဲ့အချိန်မှာတော့ ခေါင်းကိုဆယ်ပေါင်တူနဲ့အထုခံနေရသလိုခံစားလာရတယ်။

Rebirth as a Playboy (Complete) Where stories live. Discover now