38. ငါ အချိန်မှားပြီး ရောက်လာမိတဲ့ပုံပဲ

3.3K 506 8
                                    

Zawgyi
38. ငါ အချိန်မှားပြီး ရောက်လာမိတဲ့ပုံပဲ

ပိုင်လင်းရန်က ထျန်းလုဖန်းကိုဆွဲခေါ်ပြီး ကားပေါ်သို့တက်ကာ ကျောင်းကိုပဲပြန်လည်မောင်းနှင်စေလိုက်တယ်။

အပြန်လမ်းတစ်လျှောက်မှာလဲ ပိုင်လင်းရန်ရဲ့ မျက်နှာကတင်းမာနေခဲ့ပြီး မည်သည့်စကားကိုမျှစပြောခြင်မရှိတာကြောင့် ထျန်းလုဖန်းကလည်း ငြိမ်သက်ပြီးလိုက်ပါလာခဲ့တယ်။

သိုပြေမယ့်ထိုသူရဲ့မျက်လုံတွေကတော့ ပိုင်လင်းရန်ရဲ့တစ်ကိုယ်လုံးကို ဖောက်ထွင်းလုမတတ်စူးစိုက်ပြီး အထက်အောက်စစ်ဆေးကြည့်နေတုန်းပဲဖြစ်တယ်။

ထိုသို့သောတိတ်ဆိတ်မှုက သူတို့ကျောင်းထဲသို့ရောက်ရှိလာတဲ့အချိန်တိုင်အောင်ပဲ။

လက်ရှိမှာ ကျောင်းရဲ့အားကစားပွဲက အမြင့်ဆုံးအချိန်အခါမှာ ရောက်ရှိနေတာဖြစ်တဲ့အတွက် အမြဲလိုလိုတက်ကြွလှုပ်ရှားနေတဲ့ ကျောင်းဝန်းကြီးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဖြတ်သန်းသွားလာသူအနည်းငယ်လောက်ကိုသာတွေ့ရှိနိုင်လေတယ်။

ဖြစ်နိုင်တာက ကျောင်းသူကျောင်းသားတွေရော ဆရာတွေကပါ အားကစားပွဲကိုရောက်ရှိနေတဲ့ပုံပဲ။

အခန်ဆီသို့ဦးတည်လျှောက်သွားနေတဲ့နှစ်ယောက်မှာ တစ်ဦးက ဘယ်လိုစကားလုံးတွေနှင့် ရွေးချယ်အသုံးပြုပြီးအစချီပြောသင့်လဲဆိုတာတွေးတောနေသလို ကျန်တဲ့တစ်ဦးကတော့ တစ်ဖက်လူရဲ့ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရှိမနေတာသေချာရဲ့လားဆိုပြီး ပူပန်စွာနှင့်စစ်ကြည့်နေတုန်းပဲ။

"ဘေဘီ"

"အခန်းထဲအရင်သွားကြတာပေါ့ ကျွန်တော်ကျောင်းဖိုရမ်ထဲမှာနောက်တစ်ခါနာမည်ထပ်မကြီးချင်တော့ဘူး "

ထျန်းလုဖန်းက အပြင်ဘက်မှာတော့ လိမ်မာရေးခြားရှိတဲ့ကျောင်းသားငယ်လေးလိုခေါင်းညိတ်ပြလိုက်ပေမယ့် အပြုံးရိပ်စွန်းထင်းနေတဲ့မျက်ဝန်းနှင့် မပြုံးမိအောင်တင်းတင်းစေ့ပိတ်ထားရတဲ့နှုတ်ခမ်းနှစ်လွှာကတော့ ထိုအပြုအမူတို့ကို သစ္စာဖောက်နေခဲ့တယ်။ သူက သူ့ဘက်ကိုလှည့်မကြည့်ဘဲ အခန်းတံခါးဖွင့်နေတဲ့ လူငယ်လေးရဲ့နောက်ကျောကိုကြည့်ပြီး ဒီလူငယ်လေးက သူ့အပိုင်ဖြစ်ကြောင်းကိုလူတိုင်းသိရှိသွားရန်ဘယ်လိုလုပ်သင့်လဲဆိုတာ တိတ်တဆိတ်တွေးတောလိုက်သေးတယ်။

Rebirth as a Playboy (Complete) Where stories live. Discover now