5.8K 453 41
Unicode
နှစ်ပတ်အတွင်းမှာအလုပ်တွေများလွန်းလို့
ဝမ်ရိပေါ် အိမ်တောင်ပြန်မလာနိုင်ခဲ့ပေ။
အခုချိန်မှာယွီအားရှင်းကို ဒေါသထွက်ရမှာ
မေ့လျော့သွားပေမယ့် အန်တီကြီးဆီ ရှောင်းကျန့်အကြောင်း ဖုန်းဆက်မေးဖို့တော့ မမေ့ပေ။
ဒီနေ့တော့ သူအိမ်ကိုအစောကြီးပြန်ရောက်လာခဲ့သည်။အကြောင်းအရင်း
က သူ့ရဲ့ပေါင်ပေ့လေးကို အရမ်း အရမ်း
လွမ်းတာကြောင့်ဖြစ်သည်။
" သူတို့အပြင်ထွက်သွားတယ်"
အိမ်ရောက်ရောက်ချင်း အလွမ်းပြေမျက်နှာကလေးကို မြင်ရမလားလို့
ထင်ခဲ့ပေမယ့် အခုတော့ သူဒေါသသာ
ထွက်နေရသည်။သူ့ခွင့်ပြုချက်မရပဲ
သူမပါပဲ အပြင်ထွက်တာကို ဝမ်ရိပေါ်
တကယ်မကြိုက်ပေ။ယွီအားရှင်းမှမဟုတ်ဘူး၊ တခြားလူနဲ့ ရှောင်းကျန့်လိုက်သွားတာကို သူဘယ်လိုမှ ခွင့်မပြုနိုင်ပေ။
"ဘယ်အချိန်ကတည်းကထွက်သွားတာလဲ"
"မနက်တုန်းက သခင်လေးဖုန်းဆက်ပြီးတာနဲ့ ထွက်သွားတယ်"
"ယွီအားရှင်းအခြေအနေဘယ်လိုလဲ"
"အခုလောလောဆယ်တော့ ပုံမှန်ပါပဲ
သခင်လေး ၊ဒါပေမဲ့ သူက Shopping
ထွက်မယ်ဆိုပြီး ကျန့်ကျန့်ကို နေ့တိုင်း
ခေါ် သွားပါတယ်"
"ဟုတ်ပြီး ဒါဆို အန်တီကြီးပြန်တော့လေ"
အန်တီကြီးသည် ဝမ်ရိပေါ် ကို ခေါင်းငြိမ့်ပြပြီး အိမ်ကနေ ထွက်သွားတော့သည်။ဒေါသကို သူတတ်နိုင်သမျှ ထိန်းချုပ်ပြီး
အပေါ် တက်ဖို့လုပ်စဥ် ဝင်လာတဲ့ ဖုန်း
ကြောင့် ဝမ်ရိပေါ် ကိုင်လိုက်သည်။
"ဒေါက်တာကျိုး"
"ဘာ?ဘာကိုမြုံရမှာလဲ ခင်ဗျား"
တကယ်တော့ သူက သူတို့အတူနေခဲ့စဥ်က
ရှောင်းကျန့်ကိုယ်ဝန်မရှိရခြင်းအကြောင်းအရင်းကို ဒေါက်တာကျိုးကို မေးထားတာဖြစ်သည်။ဒေါက်တာကျိုးက ဝမ်ရိပေါ် ငယ်စဥ်ကတည်းက ဝမ်အိမ်တော်ရဲ့
မိသားစုဆရာဝန်ဖြစ်တာကြောင့် သူတို့အချင်းချင်းက တစ်ယောက်အကြောင်း
တစ်ယောက်သိနှင့်နေကြပြီး။
I'm not real your husband ✔✔Where stories live. Discover now