20.ဝမ်ရိပေါ် သည် ရှောင်းကျန့်ဖြစ်ပြီး ရှောင်းကျန့်သည် ဝမ်ရိပေါ် ဖြစ်နေသည်။

7.4K 550 33
                                    

Unicode

"အား!!!"

ထိုအသံသည် အရမ်းကျယ်လောင်ပြီး
အံ့သြထိတ်လန့်နေတဲ့အသံဖြစ်သည်။
အသံက ဝမ်ရိပေါ် ရဲ့အသံဆိုပေမယ့်
အော်လိုက်တဲ့လူက ဝမ်ရိပေါ် မဟုတ်
ဘူး၊ ရှောင်းကျန့်ဆိုတဲ့ လူသားလေး
ဖြစ်နေတယ်။

ရှေ့မှာအိပ်ပျော်နေတဲ့ သူ့ကိုယ်သူပြန်တွေ့လိုက်ရလို့ ရှောင်းကျန့်မှာ မတုန်လှုပ်မခြောက်ခြားပဲ မနေနိုင်ပါလေ။
အိပ်ပျော်နေတဲ့ သူကိုယ်တိုင်က မျက်
တောင်လေးတွေ တဖျတ်ဖျတ်ခတ်ကာ မျက်လုံးကြိုးစားဖွင့်ရင်း

"ဘာလဲ ငယ်လေးရာ "

ခုနက ကြိုးစားဖွင့်တာတောင့်မနည်းဖွင့်နေရတဲ့မျက်လုံးက ချက်ချင်းပွင့်လာသည်။
အကြောင်းက ဝမ်ရိပေါ် သည် သူစကားပြောတဲ့အချိန် ထွက်လာတဲ့အသံက
ရှောင်းကျန့်အသံဖြစ်နေတာကြောင့်ပေ။

သူ့ရှေ့မှာသူ့ကို မျက်လုံးပြူးမျက်ဆံပြူးနဲ့
သူ့ကိုပြန်ကြည့်လာတဲ့ ကိုယ့်ကိုယ်ကိုမြင်တော့ ဝမ်ရိပေါ် မျက်လုံးပြူးသွားရချေပြီး။

"မင်းက?"
"ခင်ဗျားက?"

ထိုစကားလုံးနှစ်လုံးသည် ပြိုင်တူထွက်လာသည်။ဝမ်ရိပေါ် သည် သူ့ခါးက မတရားနာနေတာကြောင့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်စဥ် အနီရောင်အမှတ်အသားတွေနဲ့
ပြည့်နေတာကြောင့် နောက်ထပ်မျက်လုံး
ပြူးသွားရလေသည်။

"ခင်ဗျားက ဝမ်ရိပေါ် လား"

"မင်းက ရှောင်းကျန့်လား"

နှစ်ယောက်လုံး ပါးစပ်အဟောင်းသားပွင့်လျက် အံ့သြကာ တစ်ယောက်ကိုတစ်ယောက်ကြောင်ကြည့်နေကြသည်။

သူတို့ဝိညာဥ်လဲသွားတာလား ၊ဒါမှမဟုတ်
အိမ်မက်လား။

ရုတ်တရက်ညကအဖြစ်အပျက်ကို ပြန်မြင်ယောင်လာပြီး ရှောင်းကျန့်ငိုမဲ့မဲ့ဖြစ်လာသည်။သူတို့နှစ်ယောက် အကြိမ်ကြိမ်လုပ်ခဲ့ကြပြီး မနက်ရောက်တော့ ဝိညာဥ်ပါ
လဲသွားကြသည်။ဒါဖြစ်နိုင်ရဲ့လား ?

"အဟင့် ခင်ဗျားကြောင့်ဖြစ်ရတာ ၊အဲ့ဒါ
ခင်ဗျား ကြောင့်"

I'm not real your husband ✔✔Место, где живут истории. Откройте их для себя