11. လောင်ကုန်း (ေလာင္ကုန္း )

8.4K 728 60
                                    

Unicode

ခြံဝင်းထဲကို ကားဝင်လာတာနဲ့ အိမ်ထဲကနေ ဝမ်ရှန်းရီပြေးထွက်လာခဲ့သည်။သူမအမှန်တကယ်ကို ရှောင်းကျန့်ကို လွမ်းနေသည်။

"အားရှင်း! အား!....သားပြန်ရောက်လာပြီး
မားကလွမ်းနေတာ။ ဝမ်လေးကျရော
ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"

"အလုပ်ကိစ္စအပြီးသတ်ပြီး အမြန်ပြန်လာခဲ့တာ"မားကိုမကြည့်ပဲ ရိပေါ် ဖြေလိုက်သည်။ "ဘာဖြစ်ဖြစ် သားတို့ရေသွားချိုးတော့ပြီးရင် ညစာအတူစားကြမယ်"ဝမ်ရှန်းရီက ဝမ်းသာအားရဆိုရင်း ရိပေါ် ပခုံးကိုအသာလေးပုတ်လိုက်သည်။

ကောင်လေးနှစ်ယောက်လည်းသူမကို ခေါင်းငြိမ့်ပြပြီး အပေါ် တက်လာခဲ့သည်။ ညစာကို သူတို့အတူတူစားခဲ့ကြပေမယ့်
ထိုညစာစားပွဲက ခါတိုင်းနဲ့မတူ တိတ်ဆိတ်လို့နေသည်။ ဒီလိုနဲ့ ညစာစားပြီးသွားတော့ ဝမ်ရှန်းရီသည် စွန်ရဲတစ်ကောင်လို ရှောင်းကျန့်ကိုမသုတ်ချီရုံတမယ် ဆွဲခေါ် သွားသည်။

" Years of intoxication
ficဖတ်ပြီးပြီးလား"

ရှောင်းကျန့်က နှုတ်ခမ်းလေးဆူကာ
ခေါင်းကလေးငြိမ့်ပြတော့ ဝမ်ရှန်းရီ
နှာခေါင်းရှုံ့လိုက်သည်။

"အားရှင်းကတော့လုပ်ပြီး သားကအိမ်ထောင်သည်တစ်ယောက်ပဲ
ဘာရှက်စရာရှိလို့လဲ အဲ့ficက အရမ်း
လည်းကောင်းတယ် ၊မှောင်လည်းမှောင်တယ်။မားက သားဖတ်ပြီးရင် အိုက်ဟောကု သီချင်း နားထောင်ခိုင်းမလားလို့"

အိုက်ဟောကုသီချင်းက Years of intoxication ထဲက စုန့်ကျွီးဟန်က
ဟောကုအတွက် ဆိုပေးတဲ့သီချင်းဖြ
စ်သည်။

"ဒါနဲ့ အားရှင်းက manhua
ဖတ်မှာလား၊novelဖတ်မှာလား။မားအထင်
novelက ပိုပြည့်စုံတယ်"

ရှောင်းကျန့်က ခေါင်းငြိမ့်ပြပြီး သူ့ဖုန်းကိုစိတ်မပါစွာထုတ်လိုက်သည်။သူဒီနေ့
စီရှားရွယ်နဲ့ မနက်ကတည်းက လျှောက်လည်ခဲ့တာမို့ အတော်လေး ပင်ပန်းနေသည်။နောက်တော့ ဝမ်ရိပေါ် ရောက်လာခဲ့သည်။သူနဲ့စီရှားရွယ်ကို သူမြင်သွားပြီးလို့လည်း ရှောင်းကျန့်
ထင်လိုက်သည်။ဒါပေမဲ့ ဝမ်ရိပေါ် က သူ့ကို ဘာမှတော့မပြောပေ။

I'm not real your husband ✔✔Nơi câu chuyện tồn tại. Hãy khám phá bây giờ