6.6K 401 58
               "အန်ဒရီယာ ငါ့ကိုကယ်ပါ"
Unicode
"လောင်ကုန်း"
"ပေါင်ပေ့"
မနက်ခင်းနေရောင်ခြည်လေးနဲ့အတူ
ရောင်စုံပန်းခင်းကြီးထဲ တစ်ယောက်ကို
တစ်ယောက် တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ကြရင်း ချိုမြိန်သော အနမ်းတို့ကို
ချစ်သူနှစ်ဦး ဖန်တီးဖြစ်ခဲ့ကြသည်။
လွန်ခဲ့သော 6နှစ် ၊7နှစ်လောက်တုန်းက
အိမ်ကိုအပြန်မှာ ကားတစ်စီးက
ရှောင်းကျန့်ကိုတိုက်မိမလိုဖြစ်သွား
သည်။နောက်ဆုံးတော့ ကားပေါ်ကနေ
ချောမောခန့်ညားသော လူရွယ်လေး
တစ်ယောက်ဆင်းလာသည်။သူ့မျက်လုံး
တွေက ညို့အားပြင်းလွန်းတာကြောင့်
အကြည့်တွေကို ရှောင်းကျန့်ကြာကြာ
ရင်မဆိုင်နိုင်ခဲ့ပေ။သူက သူ့ကို တောင်း
ပန်စကားဆိုပြီး အဆင်ပြေရဲ့လားလို့
နူးညံ့စွာ မေးလာတော့ ရှောင်းကျန့်
ရင်တွေတလှပ်လှပ်အခုန်မြန်လာသည်။
နောက်ထပ်တစ်ခါ ထိုလူချောလေးနဲ့
24နာရီအရောင်းဆိုင်မှာ ဒုတိယအကြိမ်
ဆုံတွေ့ခဲ့ပြန်သည်။မထင်မှတ်ပဲ အခုလို
ပြန်တွေ့လိုက်ရတော့ ရှောင်းကျန့်အရမ်း
ကိုပျော်ရွင်နေမိသည်။သူ့လက်ထဲက
စွပ်လုံးကိုမြင်တော့ လူချောလေးက စွပ်လုံးနှစ်လုံးယူပြီး သူ့ကိုတစ်လုံးပေးလိုက်
သည်။ရှောင်းကျန့်ဖြင့်ပျော်လိုက်တာမှ
အရမ်းပဲ။
နောက်ရက်နောက်ရက်တွင်မှာ လူချောလေးက ကောင်လေးကို တွေ့လိုတွေ့
ညား 24နာရီအရောင်းဆိုင်ကို တစ်ပတ်
တိတိရောက်လာခဲ့တယ်။ဒါပေမဲ့ သူတို့
တစ်ရက်မှမတွေ့ဖြစ်ခဲ့ကြပေ။ထိုတစ်ပတ်အတွင်း သူလာတဲ့ရက်အတိုင်း
ကောင်လေးကို ပေးဖို့စွပ်လုံးကို
အရောင်းစာရင်းမလေးကို သူပြောထား
သည်။ကောင်လေးနဲ့မတွေ့ဖြစ်ခဲ့ပေမယ့်
ကောင်လေးရဲ့နာမည်က ရှောင်းကျန့်ဆိုတာ လူချောလေးသိသွားခဲ့သည်။
ထိုတစ်ပတ်အတွင်း ကောင်လေးရောက်မလာတဲ့အကြောင်းအရင်းက သူ့အမေက
သူ့အဖေနဲ့ကွာရှင်းပြီး ပြင်သစ်နိုင်ငံသားနဲ့အတူပြင်သစ်ကိုလိုက်သွားခြင်းကြောင့်ဖြစ်သည်။
I'm not real your husband ✔✔Where stories live. Discover now