2.I'm not your babe

16.1K 1.2K 28
                                    


Unicode

ဒီနေ့ အိမ်ကို ရှောင်းကျန့်အစောကြီးပြန်
ရောက်လာတော့ အဒေါ် ကြီးက အံ့သြတကြီးနဲ့အနားကို အပြေးကလေး ရောက်လာခဲ့သည်။

"အားရှင်း ဒီနေ့အစောကြီးပါလား"

"ဟုတ်ကဲ့ ဒီနေ့ စောစောနားချင်လို့
ကျွန်တော်ပြန်ရောက်ပြီးဆိုတော့
အန်တီပြန်ချင်ပြန်လေ"

"အန်တီ ဟင်းတွေချက်ထားတယ် အားရှင်း
မစားခင် နွေးလိုက်နော"

"ဟုတ်"

အန်တီကြီးပြန်သွားပြီးမကြာခင်မှာပဲ
အိမ်ကို ဝမ်ရိပေါ် ပြန်ရောက်လာခဲ့သည်။
အဝတ်အစားလဲနေတုန်း ကားသံကြားတာမို့ ရှောင်းကျန့်လည်း ခပ်မြန်မြန်ပဲ လဲလိုက်သည်။

အခန်းကနေအထွက် ဆိုးဆိုးဆတ်ဆတ်
ဝင်လာတဲ့ ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့်
အဖို့ ခဏကြောင်သွားရသည်။ သူ့ကို
ဝါးစားတော့မတတ် အကြည့်တွေနဲ့
ကြည့်လာပြီး နှုတ်ခမ်းတို့ မဲ့ခနဲ့ဖြစ်သွားတာ ဘာကြောင့်လဲ။

"ဘာလဲ သိပ်ကိုပျော်နေတယ်မလား"

"ဟမ်!"

ရုတ်တရတ် ဝမ်ရိပေါ် ရဲ့ မေးခွန်းက
ဘာကိုဆိုလိုမှန်း ရှောင်းကျန့်
နားမလည်တာမို့ ခဏကြောင်သွား
ရသည်။

"မင်းငါ့ကို လှည့်စားလို့ရမယ်မထင်နဲ့
ယွီအားရှင်း၊ မင်း အဖိုးကို မတိုင်ပါဘူး
လို့ ငါ့ကို လာမပြောနဲ့ ငါယုံမှာမဟုတ်ဘူး"

"အဖိုးကိုတိုင်တယ် ငါ..."

"အဟက် မင်းက သိပ်ရယ်ရတာပဲ၊
ဘာလဲ မင်းငါနဲ့ အချိန်တိုင်းလိုလို
အိပ်ချင်နေတာမလား "

"ဝမ်..သခင်လေးဝမ် ဘာတွေ.."

ဗြဲကနဲ အသံနဲ့အတူ ရှောင်းကျန့် အကျီ်
တစ်ထည်လုံး စုတ်ပြတ်သွားရချေပြီး။

"ဝမ်သခင်လေး"

ကြမ်းတမ်းလှတဲ့ ဝမ်သခင်လေးက
သူ့ကို နံရံနဲ့ ဆောင့်တွန်းလိုက်တာ
ကြောင့် ရှောင်းကျန့်ဖြင့် ကျောပြင်က
အောင့်ခနဲ ဖြစ်သွားရသည်။

ဒါတွေမကသေးပဲ သူ့ကို အိပ်ရာပေါ်
ဆွဲတွန်းလိုက်တာကြောင့် ရှောင်းကျန့်
အဖို့ နောက်ထပ်တစ်ခါ နာကျင်သွားရ
ပြန်သည်။

I'm not real your husband ✔✔Where stories live. Discover now