5.7K 479 64
Unicode
[A/N ဒီficက ABOအကြောင်း အရေးတယူဖော်ပြတဲ့ ficမဟုတ်တာမို့ ဒီအပိုင်းမှာ
အနည်းငယ်ပါလာတဲ့ ABOအကြောင်းကို
စာဖတ်သူတွေအနေနဲ့ ABOနဲ့ပက်သက်ပြီး အများကြီးတွေးစရာမလိုပါဘူးနော]
ဒီလိုနဲ့သူတို့ရုပ်ရှင်ကြည့်ပြီးသွားတော့ စီရှားရွယ်ကိုနှုတ်ဆက်ပြီး ကားရပ်ထားတဲ့
နေရာသို့ပြန်လာခဲ့ကြသည်။တကယ်တော့စီရှားရွယ်က ရှောင်းကျန့်မခွဲချင်သေးဘူး။
ဘေးမှာ တစ်ချိန်လုံး စူပုတ်ပုတ်မျက်နှာနဲ့
ဝမ်ရိပေါ် ဆိုတဲ့လူကြီးကြောင့် သူ့မှာ
ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စကားပြောချင်
သေးပေမယ့် လက်လျှော့လိုက်ရသည်။
ရုပ်ရှင်ကအခုမှပြီးခါစမို့ အနီးအနားတဝိုက်မှာ လူတွေက ပျားပန်းခတ်
ရှိနေသည်။ထိုအချိန်မှာပဲ လူအုပ်ထဲက
omegaတစ်ယောက်ရဲ့pheromone အနံ့ကို ဝမ်ရိပေါ် ရလိုက်သည်။
အနံ့ကချောကလက် လေးလိုမျိုးပေ။ရုတ်တရက်ပဲ ဝမ်ရိပေါ် သည်
သူ ယွီအားရှင်းနဲ့ လက်ထပ်ခါစကအကြောင်းကို ပြန်တွေးမိသွားသည်။
သူကအဘိုးကြောင့် ယွီအားရှင်းကို
လက်ထပ်လိုက်တယ်ဆိုပြီး အိမ်ပြန်
လာကာတစ်မနက်လုံးယွီအားရှင်းကို
ပြသနာရှာခဲ့သည်။ညနေပိုင်းမှာတော့
ထူးထူးဆန်းဆန်းပဲသူ omegaရဲ့ pheromoneအနံ့ကို ပြင်းပြင်းထန်ထန်ရလိုက်တဲ့အချိန်မှာတော့သူ့ကိုသူတောင်မထိန်းချုပ်နိုင်တော့ဘူး။ဆွဲဆောင်မှုပြင်းပြီး ချိုအီသောထိုချောကလက်အနံ့ကို လုံးဝ မလျစ်လျူရှုနိုင်တော့ဘူး။ထိုအနံ့ပိုင်ရှင်ကို
သူချက်ချင်းပဲ အမှတ်အသားပေးချင်သွားသည်။
အဲ့အချိန်တုန်းက ယွီအားရှင်းသည် မီးဖိုခန်းထဲမှာ heatဝင်ပြီး တစ်ကိုယ်လုံး ပူလောင်သလိုခံစားရကာ တုန်ရီနေသည်။ နောက်ဆုံးတော့ pheromoneနံ့ကြောင့်
ဝမ်ရိပေါ် သူ့ကိုရှာတွေ့သွားသည်။
သုံးရက်လောက်ယွီအားရှင်း heatဝင်တော့ အဲ့အချိန်တုန်းက ဝမ်ရိပေါ် သူနဲ့အတူရှိနေခဲ့တာပဲ။တစ်ယောက်ကိုတစ်ယောက်
ရင်းနှီးမနေတာကြောင့် အဲ့အချိန်တုန်းက
ယွီအားရှင်းအဖြစ် ဟန်ဆောင်ခဲ့တဲ့ ရှောင်းကျန့်က ဝမ်ရိပေါ် သူ့ကိုမုန်းလို့ သုံးရက်အတွင်းမှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တယ်လို့သာ တွေးထင်လိုက်သည်။ဒါပေမယ့် သူစိတ်မဆိုးခဲ့ဘူး ၊ သူချစ်ရတဲ့ သူဆီက ပေးတဲ့နာကျင်မှုကို ဘယ်လိုဖြစ်ဖြစ်
သူလက်ခံနိုင်တယ်။သူလည်း heatဝင်နေတာမို့ အဲ့သုံးရက်အတွင်း ဝမ်ရိပေါ် နဲ့
လေ့ကျင့်ခန်းလုပ်ရတာကို သူ့အတွက်
နိဗ္ဗာန်ဘုံတစ်ခုလိုပဲ။
I'm not real your husband ✔✔Where stories live. Discover now