Extra-2

5.6K 383 18
                                    

Unicode

ဆေးရုံကထွက်လာကတည်းက ရိပေါ် စိတ်အခြေအနေတော်တော်လေးကောင်းနေသည်။ဘယ်သူကမပျော်ပဲ နေမှာလဲနော။ကလေးကတစ်ယောက်မကပဲ နှစ်ယောက်ဆိုလို့ သူ့မှာ ကားမောင်းနေရင်း ပြုံးဖြီးလို့နေသည်။ ရှောင်းကျန့်ကလည်း သူ့ဗိုက်လေးကို ထပ်ခါတစ်လဲလဲ ပွတ်ပြီး ပြုံးလို့နေသည်။ရိပေါ် က လက်တစ်ဖက်တည်းနဲ့ကားကိုဂရုစိုက်မောင်းပြီး ရှောင်းကျန့်ခေါင်းကို အသာလေးပုတ်ကာ

"ပေါင်ပေ့အရမ်းပျော်နေလား"

"ဒါပေါ့ အရမ်းပျော်တယ်၊မားတို့သာ သိရင်အရမ်းပျော်နေမှာ"

"ကိုယ်လည်း အရမ်းပျော်တယ် ၊ ကိုယ်တို့ရဲ့ကလေးလေးတွေတော့ အရမ်းချစ်စရာကောင်းမှာပဲကွား"

"ဟီးဟီး ဟုတ်တယ်နော"

နောက်ပိုင်းတွေ သူတို့ ဆေးရုံကို နှစ်ပတ်တစ်ခါသွားဖြစ်ကြသည်။ရှောင်းကျန့်ကတော့ အရင်ကထက် အစားများလာပြီး
ကိုယ်အလေးချိန်လည်း တက်လာသည်။
ရိပေါ် ကလည်း သူစားချင်တာကို အကုန်ကျွေးပြီး တစ်ချို့မစားသင့်တာကိုတော့မကျွေးပေ။အခုတလော ဝမ်ရှန်းရီနဲ့ချင်းရာရာက အတော်လေးလွတ်လပ်နေကြပြီး
Mackနဲ့ Johnကတော့ လနဲ့ချီပြီး အတော်လေးစိတ်ဒုက္ခရောက်နေကြသည်။

အပြင်လျှောက်လည်တုန်း နောက်ကြည့်မှန်ကနေ ရဲကားတွေတဝှီဝှီ နောက်ကလိုက်လာတာကိုမြင်တော့ ဝမ်ရှန်းရီရော ချင်းရာ ပါ အနည်းငယ်လန့်သွားသည်။ တကယ်တမ်းလည်း ရဲကားတွေသည်
သူတို့ကားကိုကျော်ပြီး ရှေ့မှာ ပိတ်ရပ်လိုက်တာကြောင့်ဝမ်ရှန်းရီက ကားဘရိတ်အမြန်အုပ်လိုက်ပြီး နှစ်ယောက်သား အလန့်တကြားနဲ့ထအော်လေတော့သည်။

အရာရှိတစ်ယောက်က ကားပေါ် က ဆင်းလာပြီး သူတို့ကားဆီလျှောက်လာသည်။
ကားတံခါးကို အရာရှိက အသာလေး
ခေါက်လိုက်ချိန်မှာတော့ အချိန်အတော်ကြာမှ ကားမှန်တံခါး ကျလာသည်။

"ဒီမှာ မဒမ်တို့နှစ်ယောက်ရဲ့ နာမည်က
ဝမ်ရှန်းရီနဲ့ ချင်းရာရာဟုတ်ပါတယ်နော"

"ဟုတ်ပါတယ် ဒါပေမဲ့ ဘာအတွက်"

"မဒမ်တို့နှစ်ယောက်က လုပ်ကြံသူတွေပါဆိုပြီး တိုင်ကြားထားတဲ့လူရှိလို့ပါ"

You've reached the end of published parts.

⏰ Last updated: Sep 17, 2021 ⏰

Add this story to your Library to get notified about new parts!

I'm not real your husband ✔✔Where stories live. Discover now